အသက် ၁၈ နှစ်အရွယ် တီဗွီစတားကတော့ သူ့မရဲ့ E cigarette နဲ့ မီးခိုးငွေ့တွေကို အဝိုင်းပုံလေးတွေဖြစ်အောင် မှုတ်ထုတ်ပြခဲ့ပါတယ်။
သူမဟာ ကားထဲမှာထိုင်ပြီး မီးခိုးငွေ့တွေကို အဝိုင်းပုံတွေဖြစ်အောင် မှုတ်ထုတ်ပြနေတဲ့ ဗီဒီယိုအတိုတစ်ခုကို instagram ပေါ်တင်ခဲ့ပါတာပါ။
သူမရဲ ဗီဒီယိုကိုတော့ ပရိသတ်တွေက Kylie ဟာ ဆေးခြောက်တွေကိုလည်း သုံးစွဲနေတယ်လို့ မှတ်ချက်တွေပေးခဲ့ကြပါတယ်။ သူမကတော့
ဒီ E cigarette ထဲမှာ မူးယစ်ဆေးတွေထည့်သွင်းမထားဘဲ flavour တစ်ခုကိုသာ ထည့်သွင်းထားတာဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။
ဒီ E cigarette တွေဟာ ကျန်းမာရေးအတွက်ထောက်ခံမှုတွေ ရရှိထားပြီး ကော်ဖီသွားရောက်မသောက်ခင်မှာ အခုလို သူမရဲ့ စွမ်းရည်ကို ပြသခဲ့တာပါ။
အခုလောလောဆယ်မှာတော့ Kylie ဟာ သူ့ရဲ့ ချစ်သူဖြစ်တဲ့ Tyga ရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဘာမှ တုံ့ပြန်မှုမရှိခဲ့ဘဲ ငြိမ်သက်နေခဲ့ပါတယ်။
Tyga ဟာ အသက်မပြည့်သေးတဲ့ မော်ဒယ်မလေးတစ်ယောက်ကို ညစ်ညမ်းတဲ့ မက်ဆေ့ခ်ျတွေပို့ခဲ့တာကြောင့် အခုတစ်လောမှာ ဝေဖန်ခံနေရတာဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Dailymail