One Direction ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Liam Payne ဟာ အဆိုကောင်းပြီး ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်ရုံတင်သာမကပဲ ရက်ပ်တွေကိုလည်း လန်းအောင် ရွတ်နိုင်တဲ့ရက်ပ်ပါတစ်ယောက်ဖြစ်နေပါတယ်။ ရက်ပ်အဆိုကျော် Juicy J ရဲ့ Instagram စာမျက်နှာမှာတင်ထားတဲ့ ဓာတ်ပုံထဲမှာတော့ Liam ဟာ စတူဒီယိုအတွင်းမှာ အနုပညာအလုပ်တွေကို အတူလုပ်နေခဲ့တဲ့ ပုံကို မျှဝေခဲ့ပါတယ်။
ဒီဓာတ်ပုံမှာတော့ ပရိသတ်တွေက Liam ဟာ သူ့ရဲ့ လျို့ဝှက်ထားတဲ့တစ်ကိုယ်တော်အယ်လ်ဘမ်အတွက် သီချင်းသွင်းနေတာဖြစ်တယ်လို့ ခန့်မှန်းနေကြပါတယ်။
Liam ဟာ သူ့ရဲ့ အယ်လ်ဘမ်အတွက် သီချင်းငါးပုဒ်အထိသွင်းပြီးနေပြီလို့ သိရပြီး ရက်ပ်စာသားတွေပါဝင်တဲ့ သီချင်းတွေလည်း ပါဝင်လာနိုင်တယ်လို့ သိရပါတယ်။ TMZ သတင်းကတော့ " Liam ဟာ အံ့အားသင့်စရာကောင်းတဲ့ ရက်ပ်ပါတစ်ယောက်လည်းဖြစ်ပြီး သူ့ရဲ့ ရက်ပ်စကေးတွေကို ထုတ်ဖော်နိုင်ဖို့အတွက် ဖောင်တိန်တစ်ချောင်းသာ လိုအပ်ခဲ့တယ်လို့ " ဖော်ပြထားပါတယ်။
သူ့ရဲ့ ရက်ပ်သီချင်းတွေကတော့ အဆိုကျော် Drake နဲ့ ဆင်ဆင်တူနေနိုင်တယ်လို့လည်း ဖော်ပြခဲ့ကြပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : MTV