Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မေးခွန်းထုတ်စရာ အကြောင်းအရာတွေနဲ့ Lindsay Lohan ရဲ့  ဓါတ်ပုံ

မေးခွန်းထုတ်စရာ အကြောင်းအရာတွေနဲ့ Lindsay Lohan ရဲ့  ဓါတ်ပုံ

| No comment



သူမဘာတွေဖြစ်သွားတာလဲ?

ဟောလီးဝုဒ် သရုပ်ဆောင် Lindsay Lohan ဟာ သူမ ရဲ့  မေးခွန်းထုတ်စရာ အကြောင်းအရာတစ်ခုကို ပရိတ်သတ်တွေနဲ့ ဝေမျှခဲ့ပါတယ်။ သူမဟာ Instagram က တဆင့် မထင်မှတ်ထားတဲ့ ရှားပါး ဓါတ်ပုံတစ်ပုံကို ဖော်ပြခဲ့ပါတယ်။

ဓါတ်ပုံထဲမှာတော့ Lindsay Lohan ဟာ အပေါ်ပိုင်းဗလာ နဲ့ သူမ ရဲ့ နောက်ကျောကိုတော့ ဘယ်သူဘယ်ဝါသဲသဲကွဲကွဲ မသိရတဲ့ အမျိုးသားတစ်ယောက်က နမ်းနေတဲ့ပုံပါ။ ထိုအမျိုးသားဘယ်သူလည်းဆိုတာကတော့ ပရိတ်သတ်တွေလည်း သိချင်နေတဲ့အရာပဲဖြစ်ပါတယ်။

နောက်ထပ်မေးခွန်းထုတ်စရာ ရှိနေတာက ဒီဓါတ်ပုံကို ဘယ်သူ ရိုက်ပေးတာပါလဲ?

ဘာပဲ ဖြစ်ဖြစ် သေချာတာကတော့ Lindsay Lohan တစ်ယောက် နှစ်သစ်ကူး ကာလမှာ ကော့စတာရီကာ နိုင်ငံကို သွားရောက်ပြီး ပျော်မြူးနေတယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ