Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဇနီးဟောင်း Mariah Carey ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဂုဏ်ပြုလိုက်တဲ့ Nick Cannon

ဇနီးဟောင်း Mariah Carey ရဲ့စေ့စပ်ကြောင်းလမ်းမှုကို ဂုဏ်ပြုလိုက်တဲ့ Nick Cannon

| No comment




ရုပ်ရှင်နှင့်တီဗီသရုပ်ဆောင် Nick Cannonက သူရဲ့ဇနီးဟောင်း နာမည်ကျော် ပေါ့ပ်အဆိုတော် Mariah Carey နဲ့ သတို့သားလောင်း သြစတေးလျလူမျိုး ဘီလျံနာ James Packer တို့ရဲ့ စေ့စပ်ပွဲကို Instagram မှာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

Packer က Carey ကို ၃၅ကာရက်ရှိတဲ့ စေ့စပ်လက်စွပ်နဲ့ ချစ်သူဖြစ်ပြီး ၁နှစ်မပြည့်သေးခင်မှာပဲ လက်ထပ်ခွင့် တောင်းခဲ့တာဖြစ်ပါတယ်။

" MariahCarey နဲ့James တို့ရဲ့ အချစ်တွေအတွက်ဂုဏ်ပြုပါတယ်။ ဘုရားသခင်က နှစ်ဦးသား ရဲ့ အနာဂတ်အတွက်လည်း ကောင်းချီးပေးပါစေ။ အလွန်လိုက်ဖက်တဲ့ စုံတွဲပါ လို့ရေးသားခဲ့ပါတယ် ” လို့ Cannon က Instagram မှာ ရေးသားဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Carey နဲ့ Cannon တို့က ၂၀၀၈ခုနှစ်တွင် လက်ထပ်ခဲ့ကြပြီး အသက်လေးနှစ်အရွယ်ရှိကြပြီဖြစ်တဲ့ Marilyn နဲ့ Moroccan အမွှာမောင်နှမကလေးလေး နှစ်ယောက်လည်း ရရှိခဲ့ကြပါတယ်။ ၂၀၁၄ခုနှစ်မှာ နှစ်ဦးသား လမ်းခွဲလိုက်ပြီလို့ ကြေညာခဲ့ကာ ပြီးခဲ့တဲ့နှစ်က ကွာရှင်းပြတ်စဲခဲ့ကြတာဖြစ်ပါတယ်။



( Michelle )



#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI