နာမည်ကျော်အဆိုတော် Miley Cyrus နဲ့ ရည်းစားဟောင်းဖြစ်တဲ့ မင်းသားချော Liams Hemsworth တို့ဟာ ပြန်တွဲခုတ်နေကြပြီဆိုတဲ့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ အပတ်တုန်းက သြစတေးလျကို သွားရောက်အပန်းဖြေခဲ့တဲ့ Liams Hemsworth ဟာ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Miley Cyrus နဲ့လည်း သြစတေးလျမှာ သွားရောက်တွေ့ဆုံခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပါတယ်။
ဒါ့အပြင် သူတို့နှစ်ယောက်ဟာ Falls ဂီတပွဲမှာလည်း တစ်ယောက်နဲ့တစ်ယောက် ဖက်ထားကြပြီး အနမ်းတွေ ခြွေခဲ့ကြတယ်လို့ နီးစပ်သူတွေဆီက ကြားသိရပါတယ်။
Miley Cyrus ဟာ New Year's Eve ကိုလည်း Liams ရဲ့ ပါတီတစ်ခုမှာပဲ သွားရောက် ဆင်နွှဲခဲ့တယ်လို့ သိရပါတယ်။
အခုလို သတင်းတွေ ပြန်လည်ထွက်ပေါ်လာခဲ့တာကိုတော့ ပရိသတ်အချို့က ငရဲခန်းတစ်ခုရဲ့ အစပျိုးခြင်းလို့ ဝေဖန်ခဲ့ကြပါတယ်။ သူတို့ဟာ ၂၀၁၃ စက်တင်ဘာလအတွင်းက အချစ်ရေးကို ရပ်တန့်ခဲ့ကြပြီး ၂၀၁၅ နိုဝင်ဘာလအတွင်းမှာတော့ သူတို့နဲ့ ပတ်သက်တဲ့ သတင်းသံတွေကို ပြန်လည်ကြားခဲ့ရတာပါ။
တစ်ချို့ကတော့ ၂၀၁၆ ဟာ MiLiam တို့ရဲ့ နှစ်ဖြစ်လာလိမ့်မယ်လို့တောင် ခန့်မှန်းနေကြပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : MTV