Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သရဖူကို တစ်ခြားတစ်ယောက်နဲ့ မဝေမျှချင်ဘူးလို့ Miss Universe ဆို

သရဖူကို တစ်ခြားတစ်ယောက်နဲ့ မဝေမျှချင်ဘူးလို့ Miss Universe ဆို

| No comment






မယ်စကြာဝဠာ(Miss Universe) ပြိုင်ပွဲ ရဲ့  အနိုင်ရရှိခဲ့သူ Pia Alonzo Wutzbach ဟာ သူမအနေနဲ့ မယ်စကြာဝဠာ သရဖူ ကို တစ်ခြားတစ်ယောက်နဲ့ ဝေမျှ ချင်စိတ် မရှိဘူးလို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ဖိလစ်ပိုင်မယ် အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူ Wutzbach ဟာ ABC ရုပ်သံလိုင်း ရဲ့  "Good Morning America" အစီအစဉ်မှာ တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါတယ်။

ထိုတွေ့ဆုံမေးမြန်းမှု မှာ သူမပြောပြခဲ့တာကတော့ အစီအစဉ်ကြေညာသူ Steve Harvey ဟာ ကိုလံဘီယာမယ် Ariadna Gutierrez-Arevalo ကို မယ်စကြာဝဠာပြိုင်ပွဲ အနိုင်ရရှိသူအဖြစ် ကြေညာခဲ့ခြင်းဟာ ပရိတ်သတ်တွေကို အနိုင်ရသူ ၂ ယောက်ဖြစ်သွားတယ်လို့ ထင်မှတ်စေပြီး အဲဒီလို ထင်မှတ်စေခြင်းဟာလည်း ကောင်းမွန်တဲ့ အတွေးအခေါ်တစ်ခုတော့ မဟုတ်ဘူး ဆိုတာပါပဲ။

"သူတို့ ဘယ်လိုခံစားရမယ်ဆိုတာ ကျွန်မသိတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါဟာ နားလည်မှု တစ်ခုပဲလေ။ ဒါပေမယ့် မယ် ၂ ယောက်က သရဖူကို ဝေမျှ ဖို့ဆိုတာကတော့ ခက်ခဲပါလိမ့်မယ်။" လို့ လက်ရှိ မယ်စကြာဝဠာ Wutzbach က ဆိုပါတယ်။

ကိုလံဘီယာမယ် Ariadna ဟာလည်း အခြားအခွင့်အရေးတွေများစွာ ရရှိဦးမှာဖြစ်တဲ့အတွက် သူမအနေနဲ့ မယ်စကြာဝဠာဆုနဲ့ လွဲချော်ခဲ့တဲ့ ကိုလံဘီယာ မယ်အတွက် စိတ်မပူပါဘူးလို့ Wutzbach က ဆိုထားပါသေးတယ်။

လက်ရှိမှာတော့ Wutzbach ဟာလည်း အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ကမ်းလှမ်းခံနေရသလို Vivid Entertainment ရဲ့  Porn ဗီဒီယိုတစ်ခုမှာ ပါဝင်သရုပ်ဆောင်ဖို့ ဒေါ်လာ သန်းပေါင်းများစွာနဲ့ ကမ်းလှမ်းခြင်းကိုလည်း Wuctzbach က ငြင်းဆိုထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse