Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Notorious B.I.G အတွက် Faith Evans နဲ့ Snoop Dogg သီချင်းနဲ့ဂုဏ်ပြု

Notorious B.I.G အတွက် Faith Evans နဲ့ Snoop Dogg သီချင်းနဲ့ဂုဏ်ပြု

| No comment



ရက်ပါဘိုးအေကြီး Snoop Dogg ဟာ ဟစ်ဟော့ယဉ်ကျေးမှု သမိုင်းမှာ သူရဲကောင်းတစ်ယောက်ဖြစ်ခဲ့သူ Notorious B.I.G(ကွယ်လွန်) ရဲ့  ဇနီးဖြစ်သူ Faith Evans နဲ့ အတူတွဲဖက်ပြီး သီချင်းတစ်ပုဒ် ဖန်တီးနေပါတယ်။

အဲဒီ သီချင်းကလည်း ကွယ်လွန်သွားတဲ့ ဟစ်ဟော့ သူရဲကောင်းကြီး Notorious B.I.G ကို ဂုဏ်ပြု သီဆိုထားတာပဲဖြစ်ပါတယ်။ Faith Evans ဟာ သူမရဲ့  ခင်ပွန်းအတွက် "The King and I" ဆိုတဲ့သီချင်းကို အသံသွင်းနေပြီး Snoop Dogg ကိုလည်း သူမ သီချင်းမှာ ပါဝင်သီဆိုပေးဖို့ ဖိတ်ခေါ်ခဲ့တာပဲဖြစ်ပါတယ်။

Faith Evans နဲ့ Snoop Dogg တို့ဟာ ဒီသီချင်းမှာမှ ပထမဆုံးတွဲဆိုကြတာ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅ နှစ်တုန်းကလည်း "Way You Move" ဆိုတဲ့ သီချင်းတစ်ပုဒ်ကို အတူတွဲဖက်သီဆိုခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ