Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , One Direction အဖွဲ့သားတွေက သူ့ရဲ့  ဖုန်းခေါ်ဆိုမှုတွေကို အကြောင်းမပြန်ခဲ့ဘူးလို့ Zayn Malik ဆို

One Direction အဖွဲ့သားတွေက သူ့ရဲ့  ဖုန်းခေါ်ဆိုမှုတွေကို အကြောင်းမပြန်ခဲ့ဘူးလို့ Zayn Malik ဆို

| No comment




Zayn Malik ဟာ One Direction အဖွဲ့သားတွေနဲ့ သူငယ်ချင်း အဖြစ် ဆက်လက်ရှိနေသေးလားဆိုတာကို ပြောပြခဲ့ပါတယ်။ အဖြေကတော့ မရှိနေတော့ပါဘူး။

အင်တာဗျူးအသစ်ထဲမှာတော့ မနေ့ကမှာ အသက် ၂၃ နှစ်ပြည့်ခဲ့တဲ့ Zayn Malik ဟာ "အမှန်တရားကတော့ ကျွန်တော် သူတို့နဲ့ စကားမပြောဖြစ်ခဲ့ပါဘူး။ Liam နဲ့တော့ အနည်းအကျဉ်း ပြောဖြစ်ပါတယ်။ သူတို့ကို ဒီအကြောင်းတွေ လူသိရှင်ကြားမေးလာတဲ့အခါမှာတော့ သူတို့ဟာ ကျွန်တော်နဲ့ စကားပြောတယ် ၊ သူငယ်ချင်းလိုပဲ ရှိနေတယ်လို့ ဖြေကြပါတယ်။"

"ဒါပေမယ့် ဒါဟာ လက်တွေ့မှာတော့ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ဖြစ်လာဖို့ ကြိုးစားခဲ့ပါတယ်။ သူငယ်ချင်းတွေပြန်ဖြစ်ဖို့လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် သူတို့ဟာ ကျွန်တော့်ရဲ့  ဖုန်းခေါ်ဆိုမှုတွေနဲ့ မက်ဆေ့ဂ်ျ တွေ Reply မလုပ်ခဲ့ပါဘူး" လို့ Zayn Malik က ပြောပြလာပါတယ်။

Zayn Malik အနေနဲ့ အဖွဲ့သား သူငယ်ချင်းတွေကို စွန့်ခွာခဲ့ရခြင်း အကြောင်းအရင်းကတော့ သူဖန်တီးသမျှ အားလုံးဟာ စိတ်ပိုင်းဆိုင်ရာ နဲ့ ရုပ်ပိုင်းဆိုင်ရာ အရ ဝေးကွာနေခဲ့ပြီး သူဟာ အဖွဲ့ရဲ့  အစိတ်အပိုင်းအနေနဲ့လည်း ဆက်လက် မရှိနေချင်တော့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror