Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Rihana နဲ့ Leonardo ပြန်ပြီး အဆက်အသွယ်လုပ်နေကြတယ်လို့ သတင်းထွက်

Rihana နဲ့ Leonardo ပြန်ပြီး အဆက်အသွယ်လုပ်နေကြတယ်လို့ သတင်းထွက်

| No comment


ဟောလီးဝုဒ်ရဲ့ မင်းသားကြီး Leonardo နဲ့ အဆိုကျော် Rihana တို့ဟာ ပြန်ပြီးတွဲခုတ်နေကြပြီလို့ သတင်းတွေထွက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ဟာ ပါရီမြို့မှာရှိတဲ့ L'Arc နိုက်ကလပ်မှာ အခုရက်ပိုင်းအတွင်းမှာ အတူရှိနေခဲ့ကြပြီး ဒီပွဲမှာ တစ်ယောက်နဲ့ တစ်ယောက် အနမ်းတွေခြွေခဲ့ကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သူတို့နှစ်ယောက်ရဲ့ အခုလို ပြန်လည်ပေါင်းစည်းတော့မလားဆိုတဲ့ သတင်းတွေဟာ မသေချာသေးပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ လှုပ်ရှားမှုတွေကို ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေအရတော့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ပါးကိုတစ်ယောက်နမ်းခဲ့ကြတယ်လို့ သိရပါတယ်။

 သူတို့ဟာ နိုက်ကလပ်ကိုတော့ တစ်ယောက်စီလာရောက်ခဲ့ကြတာဖြစ်ပြီး Rihana ကတော့
Cara Delevinge နဲ့ အတူလာရောက်ခဲ့တာပါ။ သူမကတော့ Leonardo ကို အကြင်နာပေးခဲ့ပြီး ရွှေကမ္ဘာလုံးဆုကို ဆွတ်ခူးနိုင်ခဲ့လို့ ဂုဏ်ပြုတာဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ယောက် အခုလိုပြုလုပ်နေတဲ့ ဓာတ်ပုံတွေကိုတော့ Leo ရဲ့ ကိုယ်ရေးကိုယ်တာဥပဒေကြောင့် ပြင်ပကို ပြသခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။

အသက် ၄၁ နှစ်ရှိပြီဖြစ်တဲ့ Leonardo ဟာ အရင်နှစ်တုန်းကတော့ ဒီလိုအချိန်မှာ Rihana နဲ့ အချစ်ရဲ့ အရသာကို အပြည့်ခံစားနေပေမယ့်လည်း အခုအချိန်မှာတော့ သူ့ရဲ့ The Revenant ဇာတ်ကားကို အော်စကာဆုအတွက် တစ်ယောက်တည်း ရင်ခုန်နေရပါတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz