Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၀ါရင့် သရုပ်ဆောင် Robert Redford ကွယ်လွန်သည့် သတင်းမှာ မမှန်ကန်

ဝါရင့် သရုပ်ဆောင် Robert Redford ကွယ်လွန်သည့် သတင်းမှာ မမှန်ကန်

| No comment



အကယ်၍ သင်ဟာ Robert Redford တစ်ယောက် နှစ်သစ်ကူး ည မှာ ကွယ်လွန်သွားခဲ့တယ်လို့ သတင်းကြားရင်တော့ သင်ဟာ အရူးလုပ်ခံလိုက်ရပါပြီ။ Robert Redford ဆိုတာကတော့ Captain America : Winter Soldier ဇာတ်ကားနဲ့ ၁၉၉၃ ခုနှစ်က အအောင်မြင်ဆုံးဖြစ်ခဲ့တဲ့ Indecent Proposal ဆိုတဲ့ ဇာတ်လမ်းတွေထဲက မင်းသားတစ်ယောက်ပါ။

ဗြိတိန် အခြေစိုက် Sky News သတင်းဌာနရဲ့ Twitter အကောင့်ကတဆင့် ဖော်ပြခဲ့တာကတော့ အသက် ၇၉ နှစ်အရွယ် မင်းသားကြီး Robert Redford ဟာ ကယ်လီဖိုးနီးယားပြည်နယ် ဆန်တာ မိုနီကာ မြို့ မှာ နှစ်သစ်ကူးအခါသမယ အတွင်း ကွယ်လွန်သွားခဲ့တယ်လို့ ဖော်ပြထားတာကြောင့် ပရိတ်သတ်တွေက တစ်ကယ်ထင်မှတ်ခဲ့ကြတာပါ။

သေဆုံးရတဲ့အကြောင်းအရင်းကိုလည်း ထိုသတင်းဌာနက ဂေါ့ဖ်ကွင်းသုံး ကားပေါ်က ပြုတ်ကျတာကြောင့်လို့ ရေးသားထားပါတယ်။ ဒါပေမယ့်လည်း Redford ရဲ့  လူထုဆက်ဆံရေး ပုဂ္ဂိုလ် Cindi Berger ကတော့ ဒီ သတင်းဟာ မှားယွင်းပြီး Redford ဟာ ကျန်းကျန်းမာမာရှိတယ်လို့ ဖြေဆိုပေးခဲ့ပါတယ်။

သတင်းဖော်ပြချက်တွေအရ ထို သတင်းဌာန ဟာ အရင်တုန်းကလည်း ကျော်ကြားသူတွေရဲ့ နာရေးသတင်းတွေကို မဟုတ်မမှန်ဖော်ပြလေ့ရှိတယ်လို့ သိခဲ့ရပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse