Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Rovio၊Sony ရုပ်ရှင်ထုတ်လုပ်ရေးက 'The Angry Birds ရုပ်ရှင်အညွှန်း စတင်ပြသ

Rovio၊Sony ရုပ်ရှင်ထုတ်လုပ်ရေးက 'The Angry Birds ရုပ်ရှင်အညွှန်း စတင်ပြသ

| No comment




ရောင်းအားအကောင်းဆုံး ဖုန်းဂိမ်းဖြစ်တဲ့ Angry Bird ကိုအခြေခံထားတဲ့ Animated ရုပ်ရှင်မှာ အနီရောင်ငှက်ကလေးရဲ့ နာမည် Red အတိုင်း အသံသရုပ်ဆောင်မယ့်သူကတော့ Jason Sudeikis ဖြစ်ပြီး ဒေါသထွက်နေတဲ့ ဇာတ်ကောင်အဖြစ် သရုပ်ဆောင်မှာဖြစ်ပါတယ်။

မိုဘိုင်းဖုန်းဂိမ်းထဲကအတိုင်း ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ အစိမ်းရောင် လူဆိုးဝက်တွေက ငှက်ကလေးတွေရဲ့ ပျော်စရာသုခဘုံကို လာရောက်သိမ်းပိုက်ဖို့ ကြိုးစားပြီး သူတို့ရဲက ငှက်ဥလေးတွေကို ခိုးယူကြာတာပဲဖြစ်ပါတယ်။ Red မပျော်တတ်တဲ့အပြင် ကျွန်းပေါ်မှာလည်း တစ်ခြားငှက်တွေနဲ့ အဆင်မပြေဖြစ်တတ်တဲ့ ငှက်တစ်ကောင်ဖြစ်ပြီး ၀က်တွေရဲ့အကြောင်းကို တကယ်သိတဲ့ တစ်ကောင်တည်းသော ငှက်လည်းဖြစ်ပါသတဲ့။

ဇာတ်ကားကို Animation ပညာရှင်တွေဖြစ်တဲ့ Fergal Reilly (The Iron Giant) နဲ့ Clay Kaytis (Wreck-It-Ralph, Tangled) တို့က ရိုက်ကူးထားတာဖြစ်ပြီး ဇာတ်ညွှန်းကိုတော့ Simpsons scribe Jon Vitti က ရေးသားထားတာဖြစ်ပါတယ်။ The Angry Birds ရုပ်ရှင်ဇာတ်ကားကို ၂၀၁၆ ခုနှစ် မေလမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI