Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခန့်မှန်းထားတာထက်နောက်ကျပြီးမှထွက်မယ့် Star War: Episode Vlll

ခန့်မှန်းထားတာထက်နောက်ကျပြီးမှထွက်မယ့် Star War: Episode Vlll

| No comment

၂၀၁၇ ခုနှစ်အစောပိုင်းမှာ ထွက်နိုင်ဖို့ ရည်မှန်းထားတဲ့ Star War: Episode Vlll ဟာ မှန်းထားတာထက် နောက်ကျမယ်လို့သိရပါတယ်။ Disney နဲ့ Lucas Film တို့ပူးပေါင်းဖန်တီးမယ့် အဆိုပါ Star War ဇာတ်ကားဟာ ခန့်မှန်းထားတာထက်ပိုပြီးနောက်ကျပြီးမှာ ထွက်လာမှာဖြစ်တယ်လို့ Star Wars တရားဝင်ဝက်ဘ်ဆိုက် ကနေကြေငြာသွားခဲ့ပါတယ်။

Star Wars ဇာတ်ကားတွေရဲ့ အဋ္ဌမမြောက်ဇာတ်ကားဟာ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့မှ ရုံတင်ပြသမှာဖြစ်ပြီး Star War: Episode Vll ထွက်ပြီး နှစ်နှစ်ပြည့်တိတိပြည့်မှ ရုံတင်ပြသနိုင်မှာ ဖြစ်ပါတယ်။ Disney ကသူတို့ရဲ့ Star Wars ဇာတ်ကားတွေရဲ့ ထွက်ခဲ့တဲ့ လမ်းစဉ်တွေအရ Episode Vlll ဟာ ထုံးစံအတိုင်း မဂဏန်းနဲ့ဆုံးတဲ့ နှစ်မှာပဲထွက်ဦးမှာဖြစ်ပြီး အရင်ကြေညာခဲ့တဲ့ အချိန်ထက် လအနည်းငယ် နောက်ကျမှာဖြစ်ပါတယ်။


ဆုတ်ခဲ့တဲ့အချိန်ကြောင့် Disney နဲ့ Lucus Film တို့အတွက် အသက်ရှုချောင်သွားရုံမက ဇာတ်လမ်းကိုပိုပြီး အလှည့်အပြောင်းလုပ်ဖို့ အချိန်လည်း ရသွားတာဖြစ်ပါတယ်။ ဒါကြောင့် Episode Vll မှာ ပရိတ်သတ်တွေရဲ့ အကြိုက် ဇာတ်ကောင်တွေဖြစ်ခဲ့တဲ့ Rey, Finn နဲ့ Poe တို့ရဲ့ အခန်းကဏ္ဍကို ပိုမိုပြီး ပေါ်လွင်အောင် ရေးသားနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

Episode Vlll ထွက်ရှိမှု အချိန်နောက်ကျခဲ့တာကြောင့် ၂၀၁၉ခုနှစ်၊ မေလ ၂၄ရက်နေ့မှာ ရုံတင်ဖို့လျာထားတဲ့ Episode lX ကို ထိခိုက်မှုရှိမရှိကိုတော့ ထုတ်ဖော်ပြောကြားသွားခြင်းမရှိပါဘူး။


(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: TechnoBuffalo