Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Star Wars ဇာတ်လမ်းရဲ့ ဝါရင့်သရုပ်ဆောင် Jason Wingreen ကွယ်လွန်

Star Wars ဇာတ်လမ်းရဲ့ ဝါရင့်သရုပ်ဆောင် Jason Wingreen ကွယ်လွန်

| No comment


တစ်ခေတ်တစ်ခါက အောင်မြင်ကျော်ကြားခဲ့တဲ့ "Star Wars: The Empire Strikes Back" ဇာတ်လမ်းထဲမှာ ဗီလိန် Boba Fett အဖြစ် သရုပ်ဆောင်ခဲ့သူ Jason Wingreen ဟာ ကွယ်လွန်သွားခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

Wingreen  ဟာ လော့အိန်ဂျလိစ် မြို့ မှာ ရှိတဲ့ သူ့ရဲ့ နေအိမ်မှာပဲ ခရစ်စမတ် နေ့က ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့ သားဖြစ်သူက သတင်းထုတ်ပြန်ပေးခဲ့ပါတယ်။

Wingrenn ဟာ အောင်မြင်ကျော်ကြားခဲ့တဲ့ "All In The Family" ဇာတ်လမ်းထဲမှာလည်း Harry the bartender အဖြစ် သရုပ်ဆောင်ခဲ့ပြီး "The Twilight Zone" ၊ "Archie Bunker's Place" နဲ့ "The Untouchables" ဇာတ်လမ်းတွေအပါအ၀င် ဇာတ်လမ်းပေါင်း ၂၀၀ ကျော်မှာ ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Hollywood Reporter သတင်းဌာနက ဖော်ပြခဲ့တာကတော့ သူဟာ သာမန်ဖျားနာမှု ဖြစ်ပွားရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ သူဟာ ကွယ်လွန်ချိန်မှာ အသက် ၉၅ နှစ်ရှိနေပြီဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : TMZ