Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Mummy ဇာတ်ကားသစ်တွင် Tom Cruise ပါဝင်သရုပ်ဆောင်မည်

The Mummy ဇာတ်ကားသစ်တွင် Tom Cruise ပါဝင်သရုပ်ဆောင်မည်

| No comment




Universal ကပြန်လည်ရိုက်ကူးမယ့် The Mummy ဇာတ်ကားမှာ Tom Cruise က ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

၅၃ နှစ်ရှိပြီဖြစ်တဲ့ Tom Cruiseက Algerian-French သွေးနှောမင်းသမီးဖြစ်တဲ့ Sofia Boutellaနဲ့ ပူးတွဲသရုပ်ဆောင်မှာဖြစ်ပါတယ်။ Universal က ဒီဇာတ်ကားကို လာမယ့် ၂၀၁၇ ခုနှစ် ဇွန်လ ၉ရက်နေ့မှာ ရုံတင်ပြသမယ့်အကြောင်း ကြေညာရင်း Cruise လည်း ပါဝင်သရုပ်ဆောင်မှာ ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပါတယ်။

" The Mummy " ဇာတ်ကားရဲ့ လေးကားမြောက်ကိုတော့ လာမယ့် ၂၀၁၇ ခုနှစ် မတ်လ ၂၄ ရက်နေ့မှာ ရုံတင်ပြသနိုင်ဖို့ စီစဉ်လျက်ရှိနေပေမယ့်လည်း ဇာတ်ကောင်ရွေးချယ်မှုအပိုင်းမှာ အခက်အခဲတစ်ချို့ရှိခဲ့တာကြောင့် ၂၀၁၇ ခုနှစ် ဇွန်လ ၉ ရက်နေ့ မတိုင်ခင်မှာ ရုံတင်နိုင်ဖို့ ကြိုးစားလျက်ရှိပါတယ်။ 

Prometheus ဇာတ်ကားရဲ့ တွဲဖက်ဇာတ်ညွန်းရေးဆရာ Jon Spaihtsက ဇာတ်ညွန်းရေးသားမှာဖြစ်ပြီး Star Trek Into Darkness ဇာတ်ကားထုတ်လုပ်သူ့ဖြစ်တဲ့ Alex Kurtzman က ရိုက်ကူးမှာဖြစ်ပါတယ်။  The Mummy trilogy ရိုက်ကူးခဲ့တဲ့ Sean Danielက ထုတ်လုပ်သူအဖြစ်တာဝန်ယူမှာဖြစ်ပြီး Kurtzman နဲ့ Chris Morganတို့ကလည်း တွဲဖက်ထုတ်လုပ်သူအဖြစ်ပါဝင်ကြမှာပါ။

 “ ယခုလက်ရှိအချိန်မှာ တစ်မိနစ်တည်းနဲ့ စည်းမျဉ်းတွေကတော့ ပြောင်းလဲသွားပါပြီ ကျွန်တော့်အတွက် တကယ်စိတ်လှုပ်ရှားစရာကတော့ ဒီရှေးတုန်းကသတ္တ၀ါတွေကို  ဘယ်လိုလုပ်မလဲဆိုတာ နဲ့ သူတို့တွေ ယခုလက်ရှိအချိန်မှာ တကယ်ရှိတယ်လို့ ပရိသတ်တွေကို ယုံကြည်စေအောင် လုပ်ဖို့ပါပဲ” လို့ Kurtzman က စက်တင်ဘာလတုန်း စတင်ရိုက်ကူးနေတဲ့ ဇာတ်ကားအကြောင်း ပြောခဲ့ပါတယ်။

Cruise က Mission: Impossible - Rogue Nation ကို နောက်ဆုံးရိုက်ကူးထားခဲ့ပါတယ်။ သူက Top Gun 2 နဲ့ Jack Reacher: Never Go Back ဇာတ်ကားတို့ကိုလည်း ဆက်ရိုက်ဖို့အတွက် စီစဉ်ထားပါသတဲ့။




( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz