Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Tom Hanks ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကား Bridge of Spies(2015)

Tom Hanks ရဲ့အကောင်းဆုံးရုပ်ရှင်တွေထဲကတစ်ကား Bridge of Spies(2015)

| No comment

ရုံတင်ရက်   : October 4, 2015
ဒါရိုက်တာ   : Steven Spielberg
ကြာမြှင့်ချိန်  : 2h 21m
အမျိုးအစား : Biography, Drama, Thriller
IMDb         : 7.8/10

ဒီတစ်ခါမှာတော့ ဒါရိုက်တာ Steven Spielberg ရိုက်ကူးပြီး မင်းသားကြီး Tom Hanks ပါဝင်ထားတဲ့  ဖြစ်ရပ်မှန်ရုပ်ရှင် Bridge of Spies  နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမေရိကန် - ဂျူး ဒါရိုက်တာ Steven Spielberg ကို ရင်းနှီးပြီး ဖြစ်သလို သူရိုက်ခဲ့သည့် ဇာတ်ကား အတော်များများကိုလည်း ကြည့်ဖူးကြမယ်ထင်ပါတယ်။ သူရိုက်ကူးခဲ့တဲ့ ဇာတ်ကားတိုင်းလိုလို ကမ္ဘာကျော်ခဲ့ပြီး အသိအမြင်တိုးပွါးဖွယ် မှတ်သားစရာ တစ်ခုခုတော့ ကျန်ခဲ့တာချည်းဖြစ်သလို အော်စကာတန်းဝင် အရည်အသွေးမီ ဇတ်ကားကြီးများလည်း ဖြစ်နေတတ်ပါတယ်။

ဒီတစ်ပတ်တော့ သူရိုက်ကူးခဲ့တဲ့ နောက်ဆုံးပေါ်လက်ရာ ဖြစ်တဲ့ Bridge of Spies (2015)၊ အမျိုးအစားအားဖြင့် Biography, Drama, Thriller ဇတ်ကားကို ကြည့်စေချင်ပါတယ်။ မင်းသား Tom Hanks ခေါင်းဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ အမေရိကန်နှင့် ရုရှား စစ်အေးခေတ်(Cold War) ကာလတွင် အမေရိကန်နိုင်ငံ အတွင်းဖမ်းဆီးမိသော ဆိုဗီယက်သူလျှို Rudolf Abel နှင့် အမေရိကန်သူလျှို U2 လေယာဉ် ပိုင်းလော့ (Francis Gary Powers) က ရုရှနိုင်ငံ၏ အထက် အမြင့်ပေ (၇၀,၀၀၀) ကျော်မှ ပျံသန်းပြီး ထောက်လှမ်း သူလျှိုလုပ် ဓာတ်ပုံရိုက်နေစဉ်အတွင်း ရုရှားရဲ့ မြေပြင်မှဝေဟင်ပစ် ဒုံးပျံ S-75 Dvina နှင့် ပစ်ချခံရ၍ ရုရှနိုင်ငံတွင် အဖမ်းခံထားရစဉ်၊ ထိုသူ (၂) ဦးကို အရှေ့ဂျာမနီနိုင်ငံတွင် သူလျှိုအကျဉ်းသားချင်း လှဲလှယ်ကြသည့် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းပေါ် အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။


မင်းသားကြီး Tom Hanks က ဆိုဗီယက်သူလျှို Rudolf Abel ၏ တရားခံ ရှေ့နေ (James Donovan) နေရာက ပါဝင် သရုပ်ဆောင်ထားသလို အကျဉ်းသား လှဲလှယ်ရေးအစီအစဉ် တစ်ခုလုံးကိုလည်း ဦးဆောင်ခဲ့သူ အဖြစ်လည်း သရုပ်ဆောင်ထားပြီး အသဲ တလှပ်လှပ် ရင်တဖိုဖို နှင့် ကြည့်ရမယ့်အပြင် (၁၉၆၀) ခုနှစ် မြင်ကွင်း ဆက်တင်များနှင့် တစ်ထေရာတည်းတူအောင် ဖန်တီးပြုလုပ် ချယ်သထားသောကြောင့်လည်း ကြည့်ရသူမှာ ထိုခုနှစ်များဆီသို့မျက်တောင်မခတ် လိုက်ပါ လွှင့်မျှောမိနေမှာ သေချာပါတယ်။

တရားခံနှင့် ရှေ့နေ၊ မျက်ကန်း မျိုးချစ်စိတ်ရှိသူများနှင့် အမေရိကန်ပြည်ထောင်စု၏ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ယုံကြည်စွာ စွဲကိုင်ထားပြီး အမှန်တရားဖက်က ရပ်တည်ခဲ့သော ရှေ့နေ၊ အကျဉ်းသား လှဲလှယ်ရေးနှင့် စေ့စပ်ဆွေးနွေးရေးသမား တစ်ဖြစ်လဲ ရှေ့နေ စသည်ဖြင့် တစ်ဦးတည်း သုံးလေးကိုယ်ခွဲ ပီပြင်စွာ သရုပ်ဆောင်သွားနိုင်သလို မှတ်သားစရာကောင်းလှတဲ့ စကားပြောခန်းများနဲ့ တက်ကြွ မြိုင်ဆိုင်သော ဇာတ်ကားကြီးဖြစ်အောင် ဦးဆောင် သရုပ်ဆောင်သွားတဲ့ မင်းသားကြီးTom Hanks ရဲ့ အံ့မခန်း အရည်အသွေးကိုလည်း ရင်သပ် ရှုမော ကြည့်ကြရမှာဖြစ်ပါတယ်။


IMDb မှာ 7.8 ရထားသလို ဝေဖန်သူတွေရဲ့ချီးကျူးခြင်းကိုလည်းခံထားရတဲ့ ဒီဇာတ်ကားကို ဒေါ်လာသန်း၄၀ အကုန်ကျခံရိုက်ကူထားပြီး ဝင်ငွေက ဒေါ်လာ ၁၅၂သန်းရှိပါတယ်။ 20th Century Fox ကထုတ်လုပ်ထားပြီး ဒါရိုက်တာ  Steven Spielberg ကရိုက်ကူထားကာ Tom Hanks, Mark Rylance, Alan Alda တို့ခေါင်းဆောင်ပါဝင်ထားတာဖြစ်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com]

Ref: IMDb, Wikipedia