Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အိန်ဂျလီနာဂျိုလီ က သူမရဲ့ကလေးတွေကို သရုပ်ဆောင်မဖြစ်စေချင်

အိန်ဂျလီနာဂျိုလီ က သူမရဲ့ကလေးတွေကို သရုပ်ဆောင်မဖြစ်စေချင်

| No comment




Angelina Jolie  (အိန်ဂျလီနာဂျိုလီ) ကတော့  သူမရဲ့ကလေးတွေကို သရုပ်ဆောင်တာထက် တခြားအရာတွေနဲ့ အသက်မွေးဝမ်းကြောင်းပြုစေချင်ပါသတဲ့။

အသက်၄၀ရှိပြီဖြစ်တဲ့သရုပ်ဆောင်ဂျိုလီကတော့  ဗုဒ္ဓဟူးနေ့က ထုတ်လွင့်တဲ့ Today show အင်တာဗျုးမှာ သူရဲ့ကလေး၆ယောက်အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

" ကျွန်မ အဲလိုမဖြစ်ဖို့ မျှော်လင့်ပါတယ်။ တကယ်လို့ သူတို့တွေက သရုပ်ဆောင်လုပ်မယ်ဆိုရင် ကျွန်မက သရုပ်ဆောင်ထက် တခြားတစ်ခုကို အရင်လုပ်ကြည့်ဖို့   ပိုပြီး မျှော်လင့်မိပါတယ်။ " လို့ ပြောပါတယ်။ သူမနဲ့ ဘရက်ပစ်တို့မှာ သား Maddox, Pax, Shiloh နဲ့ Knox တို့ရှိကြပြီး သမီး Zahara နဲ့ Vivienne တို့ရှိကြပါတယ်။

ဂျိုလီက သူရဲ့ကလေးတွေကို သရုပ်ဆောင်လုံးဝမဖြစ်စေချင်ပါဘူး လို့  Kung Fu Panda 3 တွင် ပါဝင်ရမယ်လို့ သိရှိရချိန်မှာ ပြောဆိုခဲ့တာပါ။ သူနဲ့ Pitt တို့က သား Maddox ကို သူတို့ရဲ့ရုပ်ရှင်ဖြစ်တဲ့ By the Sea  မှာ ထုတ်လုပ်ရေးလက်ထောက်အဖြစ် ထည့်သွင်းခဲ့ပါတယ်။

ဂျိုလီက သရုပ်ဆောင် Jon Voight နဲ့ Marcheline Bertrand တို့ရဲ့ သမီးဖြစ်ပြီး ၁၉၈၂တွင် သူမရဲ့ပထမဆုံးရုပ်ရှင်ကား Lookin' to Get Out ကို အသက် ၇နှစ်အရွယ်မှာ ရိုက်ကူးခဲ့တာပါ။ Kung Fu Panda 3 ရုပ်ရှင်ကို လာမည့်သောကြာနေ့မှာ ရုံတင်ပြသမှာဖြစ်ပြီး သူက Salt and Maleficent ဇာတ်ကားတွေကို လည်းရိုက်ကူးထားခဲ့ပါတယ်။

Lucy Liu ကတော့ Kung Fu Panda ရုပ်ရှင်များတွင်ပါဝင်သော မြွေနေရာမှ အသံဖြင့်ပါဝင်သရုပ်ဆောင်ပြီး သူက ဇတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ချင်တယ်လို့ ပြောခဲ့ပြီး Rockwell ကလည်း Today  ရုပ်ရှင်ဇတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်နေပါတယ်။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI