Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ခလိုးကာဒစ်ရှန်နဲ့ ဂျိမ်းစ်ဟာဒန်တို့ လမ်းခွဲလိုက်ကြပြီဖြစ်

ခလိုးကာဒစ်ရှန်နဲ့ ဂျိမ်းစ်ဟာဒန်တို့ လမ်းခွဲလိုက်ကြပြီဖြစ်

| No comment



Khloe Kardashian (ခလိုးကာဒစ်ရှန်)နဲ့ သူမရဲ့ ချစ်သူ James Harden (ဂျိမ်းစ်ဟာဒန်)တို့ဟာ လမ်းခွဲလိုက်ကြပြီ လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ 
ခလိုးကာဒစ်ရှန် က E! News ကို ဇန်န၀ါရီ ၁၁ ရက်နေ့ကထိ အဆင်ပြေပြေတွဲနေကြတုန်းပါပဲလို့ ပြောခဲ့ပေမယ့် အသက် ၃၁ နှစ်အရွယ် နာမည်ကျော်နဲ့ ၃၆ နှစ်အရွယ် အားကစားသမားတို့ဟာ ပြီးခဲ့တဲ့ သတင်းပတ်တွေကတည်းက လမ်းခွဲလိုက်ကြပြီလို့ သိရှိရပါတယ်။

 “ ဆိုးဝါးတဲ့ ကိစ္စတွေတော့ မဖြစ်ခဲ့ပါဘူး” လို့ သူတို့ရဲ့ အတွင်းရေးကိုသိတဲ့ လူတစ်ယောက်က E! New ကို ပြောခဲ့ပါတယ်။ သူတို့တွေ လွန်ခဲ့တဲ့လအနည်းငယ်ကတည်းက သိပ်မတွေ့ဖြစ်တော့ပဲ လမ်းခွဲလိုက်ကြတာပါ လို့ ပြောပါတယ်။
ခလိုးကာဒစ်ရှန် နဲ့ ဟာဒင်တို့က ဇူလိုင်လမှာ စတင်သိကျွမ်းကြကာ သူရဲ့ အမျိုးသားဖြစ်သူ Lamar Odom နဲ့ ကွာရှင်းပြတ်စဲပြီးအခါမှာတော့ ဒိတ်လုပ်ခဲ့တာပါ။ နိုဝင်ဘာလတုန်းက ပြုလုပ်တဲ့ The Ellden DeGeberes ပြပွဲမှာအထိ သူနဲ့ အသက် ၃၆နှစ်ရှိပြီဖြစ်တဲ့ NBA အသင်းမှ ကစားသမား တို့ မတွဲဖြစ်ကြသေးဘူး လို့ သူကပြောပါတယ်။
ခလိုးကာဒစ်ရှန် နဲ့ Odom တို့ လမ်းခွဲမူကို မဆုံးဖြတ်ရသေးခင် အောက်တိုဘာလတွင် Odom က Las Vegas မှာရှိတဲ့ ဆောင်ကြာမြိုင်တစ်ခုကို သွားရောက်ခဲ့တယ်လို့လည်း သတင်းထွက်ရှိခဲ့ပါတယ်။ NBA အသင်းရဲ့ အကောင်းဆုံး ကစားသမား Odom က သူရဲ့ ကိုယ်ပိုင်နေရာကိုမပြောင်းခင် ဆေးရုံမှာ ဇန်နဝါရီလကစပြီး ၃လလောက်နေခဲ့ရပါသေးတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : UPI