Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကေတီပယ်ရီက ရန်ဘက်ဖြစ်တဲ့ တေလာဆွစ်ဖ်ကို သူမရဲ့ ပါတီကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့

ကေတီပယ်ရီက ရန်ဘက်ဖြစ်တဲ့ တေလာဆွစ်ဖ်ကို သူမရဲ့ ပါတီကိုတက်ရောက်ဖို့ ဖိတ်ကြားခဲ့

| No comment


ပေါ့ပ်ဂီတမှာ အပြိုင်အဆိုင်တွေဖြစ်ကြပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ ပြဿနာတွေလည်း ရှိခဲ့ကြတဲ့ Katy Perry (ကေတီပယ်ရီ) နဲ့ Taylor Swift (တေလာဆွစ်ဖ်)တို့ကိုတော့ အနာဂတ်မှာ မိတ်ဆွေတွေအဖြစ်နဲ့ မြင်ရတော့မလား မသိပါဘူး။ ကေတီပယ်ရီဟာဆိုရင်တော့ Spotify က စပွန်ဆာပေးထားတဲ့ သူမရဲ့  ပါတီတစ်ခုကို တေလာဆွစ်ဖ်ကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။

ကေတီပယ်ရီက အခုလိုဖိတ်ကြားခဲ့ပေမယ့်လည်း တေလာဆွစ်ဖ်ဘက်က ဒီပါတီကို တက်ရောက်ဖို့အခက်အခဲတစ်ခုလည်း ရှိနေပါတယ်။ ဒါကတော့ တေလာဟာ ပြီးခဲ့တဲ့လတွေတုန်းက သူမရဲ့ သီချင်းတွေကို Spotify လို ဝက်ဘ်ဆိုက်တွေကနေ ထုတ်လွှင့်ပေးတာကို သဘောမတူခဲ့ဘဲနဲ့ ခွေရောင်းအားကျဆင်းစေတယ်ဆိုပြီး သပိတ်မှောက်ခဲ့လို့ပါ။

ဒါ့ကြောင့် သူမဟာ ကေတီရဲ့ မိတ်ဆွေဖြစ်ဖိတ်ကြားမှုကို လက်ခံချင်ပေမယ့်လည်း Spotify က စပွန်ဆာပေးထားတဲ့ ပါတီတစ်ခုကို တက်ရောက်ဖို့တော့ ဝန်လေးနေတယ်လို့ သိရပါတယ်။

တေလာဆွစ်ဖ်လိုပဲ Spotify ကို သပိတ်မှောက်ခဲ့တဲ့ တေးသံရှင် Adele (အဒဲလ်)ဟာလည်း ကေတီပယ်ရီရဲ့ ဖိတ်ကြားမှုကို ခံခဲ့ရပါတယ်။

တေလာဆွစ်ဖ်နဲ့ ကေတီပယ်ရီတို့ ပြဿနာတွေစတင်ဖြစ်ပွားခဲ့ရတာကတော့ တေလာရဲ့ “Bad Blood” သီချင်းကြောင့်ဖြစ်တယ်လို့ သိရပြီး တေလာက ကေတီကို စောင်းမြောင်းပြီးဆိုထားတယ်လို့ သတင်းတွေထွက်လာတည်းက ဖြစ်ပါတယ်။

တေလာဟာဆိုရင်တော့ ၂၀၁၄ တုန်းက Rolling Stone မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာလည်း  ကေတီနဲ့ပတ်သက်ပြီး “သူမက ကြောက်စရာကောင်းပါတယ်။ ယောက်ျားတစ်ယောက်ထက်တောင်ပေါ့နော်။ သူက စီးပွားရေးသိပ်ဆန်တယ်။ သူက နယ်လှည့်ဖျော်ဖြေပွဲတွေမှာလည်း စတိတ်စင်တွေအားလုံးကို သူစိုးမိုးထားချင်တယ်။ သူမက ကျွန်မပရိသတ်တွေကိုတောင် မရ ရအောင် ဆွဲခေါ်နေတာ” လို့ ပြောခဲ့ပါတယ်။

အဲ့ဒီနောက် အင်တာဗျူးတွေမှာတော့ ကေတီက ပြန်လည်ချေပခဲ့ပြီး နှစ်ယောက်လုံးက အချေအတင်ဖြစ်ခဲ့ကြပါတယ်။ တေလာဟာဆိုရင်တော့ အဆိုတော်မလေး နစ်ကီမနိုက်နဲ့လည်း ရန်စတွေရှိခဲ့ဖူးတယ်လို့ သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz