Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒေးဗစ်ဘိုဝီရဲ့ပုံကို တက်တူးထိုးခဲ့တဲ့ လေဒီဂါဂါ

ဒေးဗစ်ဘိုဝီရဲ့ပုံကို တက်တူးထိုးခဲ့တဲ့ လေဒီဂါဂါ

| No comment

ကမ္ဘာကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့  Lady Gaga (လေဒီဂါဂါ)ကတော့ ဂရမ်မီဂီတဆုပေးပွဲမတိုင်ခင်မှာပဲ မကြာသေးခင်ကမှ ကွယ်လွန်သွားခဲ့တဲ့ ဗြိတိန်ဂန္တဝင်အဆိုတော် ဒေးဗစ်ဘိုဝီရဲ့ပုံကို တက်တူးအသစ်တစ်ခုအဖြစ် သူမရဲ့ ခန္ဒာကိုယ်မှာ မှတ်ကျောက်တင်လိုက်ပါတယ်။

ဂါဂါဟာ ဒေးဗစ်ရဲ့ ၁၉၇၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ အယ်လ်ဘမ်မျက်နှာဖုံးကို တက်တူးပုံပြန်ထိုးခဲ့တာဖြစ်ပြီး သူမအနေနဲ့ ဒီအဆိုတော်ကြီးကို အရမ်းကို လေးစားမိတယ်လို့ ဖွင့်ဟခဲ့ပါတယ်။

ဒီတက်တူးကိုတော့ အနောက်ဟောလီးဝုဒ်မှာ သွားထိုးခဲ့တာဖြစ်ပြီး သူမရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲစေခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်လို့ အခုလိုမျိုး ဂုဏ်ပြုတက်တူးထိုးခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။





လေဒီဂါဂါနဲ့ ဒေးဗစ်တို့ဟာ သီချင်းသီဆိုချိန်တွေမှာ သူတို့ရဲ့ ထူးခြားတဲ့ ဆိုဟန်တွေ ၊ စတိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုကို သူ့ခေတ် ၊ သူ့အခါနဲ့ အခိုင်အမာရရှိထားခဲ့တာဖြစ်ပါတယ်။

လေဒီဂါဂါကတော့ လာမယ့် ဂရမ်မီဆုပေးပွဲမှာတော့ ဒေးဗစ်ရဲ့ နာမည်ကျော်သီချင်းဖြစ်တဲ့ “at least three hour” သီချင်းကို ပြန်လည်သီဆိုဖို့ မျှော်မှန်းလျက်ရှိနေတာဖြစ်ပါတယ်။  LL Cool J နဲ့ တေလာဆွစ်ဖ်တို့ကလည်း ဂရမ်မီဆုပေးပွဲမှာ ပါဝင်ဖျော်ဖြေပေးဖို့ သေချာသလောက်ရှိနေပြီးတော့ လေဒီဂါဂါကလည်း ဒေးဗစ်ရဲ့ သီချင်းနဲ့ ပါဝင်ဖျော်ဖြေဖို့ စီစဉ်လျက်ရှိတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz