Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဒန်နီယယ်လ်ခရေ့ဂ်ျက ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ ကြေညာ

ဒန်နီယယ်လ်ခရေ့ဂ်ျက ဂျိမ်းစ်ဘွန်းမင်းသားအဖြစ် ဆက်ရှိနေတော့မှာ မဟုတ်ဘူးလို့ ကြေညာ

| No comment


ဂျိမ်းစ်ဘွန်းဇာတ်လမ်းရဲ့ မင်းသားတစ်လက်ဖြစ်တဲ့ Daniel Craig (ဒန်နီယယ်လ်ခရေ့ဂ်ျ)ကတော့ သူ့အနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် ဆက်ရှိနေတော့မှာမဟုတ်ဘဲ အခြားအမေရိကန်ဇာတ်လမ်းတွဲတစ်ခုကို ရိုက်ကူးဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။

အသက် ၄၇ နှစ်ရှိပြီဖြစ်တဲ့ ခရေ့ဂ်ျဟာ အပိုင်း ၂၀ ပါတဲ့ အမေရိကန်ဇာတ်လမ်းတွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို ပြုလုပ်နေပြီဖြစ်ပြီး လစ်လပ်သွားတဲ့ ဂျိမ်းစ်ဘွန်းမင်းသားနေရာအတွက်တော့ မင်းသားတွေရဲ့ ကြိုတင်ပြိုင်ဆိုင်မှုကိုလည်း တွေ့မြင်နေရပါပြီ။

ခရေ့ဂ်ျကတော့ သူဘာလို့ အခုလို ဆက်ပြီး သရုပ်မဆောင်ရသလဲဆိုတာကို ပြောပြဖို့တော့ ငြင်းဆန်ခဲ့ပြီး သူ့အနေနဲ့ အခုလို ကြမ်းတမ်းတဲ့ ဇာတ်လမ်းတွေမှာ ဆက်ပြီးသရုပ်ဆောင်ဖို့ အစီအစဉ်မရှိတော့ဘူးလို့တော့ ဖွင့်ဟခဲ့ပါတယ်။ သူ့အနေနဲ့ ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်တာ နောက်ဆုံးဇာတ်ကားဖြစ်တဲ့ “Spectre” ကို ရိုက်ကူးစဉ်မှာလည်း အခက်အခဲတွေ အများကြီး ကြုံတွေ့ခဲ့ရတာကြောင့်လည်း ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။

“Spectre” ဇာတ်ကားကို ရိုက်ကူးတုန်းကတော့ ခရေ့ဂ်ျဟာ ဇာတ်လမ်းကို ဝေဖန်ခဲ့ပြီး သူ့ကို ဒူးခွဲစိတ်မှုပြုလုပ်ရတဲ့အထိ ထိခိုက်ဒဏ်ရာတွေ ရစေခဲ့တယ်လို့လည်း ရင်ဖွင့်ခဲ့ပါတယ်။ ဒီလိုဝေဖန်မှု ထွက်ပေါ်လာတဲ့အပေါ်မှာတော့ ထုတ်လုပ်သူ ပွန်ပီအိုက “သူ့ရဲ့မှတ်ချက်စကားက ကြောက်စရာပါပဲ။ သူက ဇာတ်လမ်းထဲက ဂျိမ်းစ်ဘွန်းဇာတ်ကောင်ထက်တောင် ပိုကောင်းအောင်လုပ်နိုင်တာ။ သူ့အနေနဲ့ ဂျိမ်းစ်ဘွန်းသရုပ်ဆောင်အနေနဲ့ အခုလို မှတ်ချက်စကားတွေက ရှက်စရာပါ ” လို့ တွစ်တာမှာ ရေးသားခဲ့ပါတယ်။

ဒန်နီယယ်လ်ခရေ့ဂ်ျကတော့ ရိုက်ပြီးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကား လေးကားအတွက် သရုပ်ဆောင်ကြေး ပေါင်သန်းသုံးဆယ်ကျော် ရရှိခဲ့ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။ ခရေ့ဂ်ျရဲ့ အခုလို မင်းသားအဖြစ်က နှုတ်ထွက်ခဲ့မှုကြောင့် ဗြိတိန်က မင်းသားတွေက ဒီနေရာကို ရရှိဖို့ စိတ်အားထက်သန်နေကြပြီး အပြိုင်ဖြစ်နေကြတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Dailymail