Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဒီတစ်ခေါက် လီယိုနာဒို ချိန်ရွယ်နေတဲ့ ကောင်မလေးက ဘယ်သူများလဲ?

ဒီတစ်ခေါက် လီယိုနာဒို ချိန်ရွယ်နေတဲ့ ကောင်မလေးက ဘယ်သူများလဲ?

| No comment


ဟောလီးဝုဒ် ကြယ်ပွင့်  Leonardo DiCaprio (လီယိုနာဒို ဒီကာပရီယို) ဟာ သရုပ်ဆောင် ဂျိုဝီအက်ဆက်စ် ရဲ့  ရည်းစားဟောင်းကောင်မလေးကို သူ့ရဲ့  ဟိုတယ်ခန်းသို့ ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

Revenant ဇာတ်လမ်းရဲ့အဓိက မင်းသားဖြစ်သူ လီယိုနာဒိုဟာ တနင်္ဂနွေနေ့ညက ကျင်းပခဲ့တဲ့ Bafta ဆုပေးပွဲ အပြီးမှာ လန်ဒန်မြို့ကို ပျံသန်းသွားခဲ့ပြီး သူ့ရဲ့ အောင်မြင်မှုအတွက် အောင်ပွဲခံခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူဟာ လန်ဒန်မြို့ မှာပဲ နောက်ထပ် ညတစ်ည ကို ပါတီပွဲဆင်နွှဲနေခဲ့တာပဲဖြစ်ပါတယ်။

ထို ပါတီပွဲ အပြီးမှာတော့ ဂျိုဝီ ရဲ့  အမိုက်စား ချစ်သူဟောင်းလေး အသက် ၂၄ နှစ်အရွယ် Roxy Horner နဲ့ အသက် ၄၁ နှစ်အရွယ် လီယိုနာဒို တို့ဟာ သူ့ရဲ့ ဟိုတယ်ခန်းထဲကို မနက် ၂ နာရီအချိန်မှာ ၀င်ရောက်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။

အရပ် ၅ပေ ၈ လက်မရှိပြီး ၂၀၁၁ ခုနှစ်တုန်းက အဆိုတော် တိုင်ရိုခရုဇ် နဲ့လည်း တွဲခုတ်ခဲ့ဖူးတဲ့ မော်ဒယ်မလေး Roxy နဲ့ သူမရဲ့  သူငယ်ချင်းတွေဟာ လီယိုနာဒို တည်းခိုနေထိုင်ရာ Rosewood ဟိုတယ်ကို သီးခြား ကားတွေနဲ့ သွားရောက်ခဲ့တယ်လို့ The Sun သတင်းစာက ဖော်ပြထားတာပါ။

သူတို့ ၂ ယောက်ဟာ BAFTA ဆုပေးပွဲမှာ စတင်တွေ့ဆုံခဲ့ကြတာဖြစ်ပြီး ထိုညတုန်းကတော့ Roxy ဟာ လီယိုနာဒို နဲ့ တစ်ညလုံး ၂ ယောက်တည်း ရှိနေခဲ့တာ မဟုတ်ပဲ အခြား အောင်ပွဲခံ မိတ်ဆွေများနဲ့သာ အတူတကွ ရှိနေခဲ့ကြတာဖြစ်တယ်လို့ မော်ဒယ်လ်ကောင်မလေး ရဲ့  ပြောခွင့်ဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com


Ref : Mirror