ဘာမဆို ဖွင့်ပြောလေ့ရှိတဲ့ ဖြစ်ရပ်မှန်ရှိုး ကြယ်ပွင့် Khloe Kardashian (ကလိုဝီ ကာဒါရှီးယန်း)ဟာ အိပ်ခန်းထဲက စိတ်ဝင်စားစရာ အကြောင်းအရာတွေကို ထပ်မံ ဖွင့်ပြောလာပြန်ပါတယ်။ဒီတစ်ခေါက် ပြောပြခဲ့တာကတော့ သူမဟာ လိင်ဆက်ဆံနေစဉ်အတွင်း အမျိုးသားဘက်က ညစ်ညမ်း တဲ့ စကားတွေ ပြောလာတာ ကို နှစ်သက် တယ်ဆိုတာပါပဲ။
KUWTK အစီအစဉ်ရဲ့  အလှပဂေးဟာ ကလိုဝီ က လိင်ဆက်ဆံနေစဉ်မှာ ကိုယ့်လက်တွဲဖော် က ဘာမှ ပြောစရာမရှိရင်တောင် တစ်ခုခုကို ရှာကြံပြီး ပြောနေဖို့ဟာ အရေးကြီး တယ်လို့လည်း မှတ်ယူထားသူ ဖြစ်ပါတယ်။
“စကားလုံးရိုင်း တွေကို ကျွန်မ ယုံကြည်တယ်။ လိင်ဆက်ဆံရင်း စကားပြောဖို့က လိုကိုလိုအပ်တယ်။” လို့သူမက သူမရဲ့  ၀က်ဘ်ဆိုက် မှာ ရေးသားထားခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ တယ်လီဗေးရှင်း စတား ကလိုဝီ က သူမငယ်စဉ်တုန်း က ၀နေခဲ့ခြင်းဟာ သူမကို ခဏခဏ လိင်ဆက်ဆံခြင်း ကနေ တားမြစ်ခဲ့တဲ့ အကျိုးဆက်ဖြစ်တယ်လို့လည်း ၀န်ခံခဲ့ပြန်ပါတယ်။သူမ ဝေမျှ ခဲ့တာက ဒီလိုပါ။
“ကျွန်မမောင်လေး ရော့ဘ်က အဖေ့ကို ပြောတယ်။ ကျွန်မရဲ့  နာမည်ပြောင်က ကလိုဝီ ဘလိုဝီ ဆိုပြီး။ ဒါပေမယ့် ကျွန်မပြန်ပြောခဲ့တာက ကျွန်မဟာ ဖက်တီး တစ်ယောက်ပဲ။ ဘယ်ယောကျာ်းက ဖက်တီးမ ကို ဘလိုးဂျော့ဘ် လုပ်စေချင်မှာလဲလို့ပေါ့”
( Mario )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : Mirror