Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , စီလင်းဒီယွန်က ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက် နှစ်သိမ့်ခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြော

စီလင်းဒီယွန်က ခင်ပွန်းဖြစ်သူဆုံးပါးပြီးနောက် နှစ်သိမ့်ခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကားပြော

| No comment

ကနေဒါနိုင်ငံဖွား ပေါ့ပ်အဆိုတော Celine Dion (စီလင်းဒီယွန်)က ၂၁ နှစ်ကြာ ပေါင်းသင်းခဲ့ကြပြီး ကလေး ၃ယောက်ရဲ့ ဖခင်လည်းဖြစ်သူ ခင်ပွန်းဖြစ်သူ Rene Angelil အတွက် ဆုတောင်းပေးခဲ့ကြတဲ့ သူ့ရဲ့ ပရိသတ်တွေကို ကျေးဇူးတင်နေပါသတဲ့။

 “ ဒီရက်ပိုင်းတွေမှာ ကျွန်မရဲ့ မိသားစုနဲ့ ကျွန်မကိုယ်တိုင် လူတွေအများကြီးရဲ့ မေတ္တာဂရုဏာတွေကို နက်နက်ရှိုင်းရှိုင်း ခံစားခဲ့ရပါတယ်။ရင်းန် အတွက် အားလုံးရဲ့မေတ္တာတွေကို တကယ်ခံစားရပြီး ခုလို အခက်ခဲဆုံး အချိန်မျိုးမှာ ကျွန်မတို့ကို ကူညီပေးခဲ့ကြတဲ့အတွက် အားလုံးကို ကျွန်မရဲ့ အသည်းနှလုံးထဲကနေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်” လို့ ၄၇ နှစ်အရွယ် အဆိုတော်က သောကြာနေ့က ထုတ်ဖော်ပြောကြားသွားပါတယ်။

Dion ရဲ့ မန်နေဂျာအဖြစ် ဆောင်ရွက်ပေးခဲ့သူ အဆိုတော်ဟောင်းကြီးရင်းန်ဟာ အသက် ၇၃ နှစ် အရွယ်မှာ ဇန်န၀ါရီလ ၁၄ ရက်နေ့က ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ ဆုံးပါးပြီး ၂ ရက်အကြာမှာ ဒီယွန်ရဲ့ အစ်ကိုဖြစ်သူ ဒန်နီရယ်လ်ဟာလည်း ကင်ဆာဝေဒနာနဲ့ပဲ ဆုံးပါးခဲ့တာ ဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI