Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း တေလာဆွစ်ဖ်နဲ့ သီချင်းအတူဆိုချင်တဲ့ ဆလီနာဂိုးမက်ဇ်

သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း တေလာဆွစ်ဖ်နဲ့ သီချင်းအတူဆိုချင်တဲ့ ဆလီနာဂိုးမက်ဇ်

| No comment


Selena Gomez (ဆလီနာဂိုးမက်ဇ်)  က Taylor Swift (တေလာဆွစ်ဖ်) နဲ့ တစ်နေ့မှာ သီချင်းတစ်ပုဒ်အတူဖန်တီးရမယ်လို့ မျှော်လင့်နေပါတယ်။
၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆလီနာဂိုးမက်ဇ်က E! News ကို သောကြာနေ့တုန်းက Sundance ရုပ်ရှင်ပွဲတော်မှာ ပြောပြခဲ့တာပါ။ တေလာက ကျွန်မရဲ့အကောင်းဆုံးသူငယ်ချင်းပါ လို့လည်းပြောပါတယ်။

မေလတုန်းက ကာရာဒယ်လ်ဗင်းခ်ျ၊ အီလီဂွတ်လ်ဒင်း နဲ့ ဂီဂီဟဒစ် တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဆွစ်ဖ်ရဲ့ Bad Blood သီချင်း MTV မှာ ဂိုးမက်ဇ်ကလည်း ပါဝင်ထားခဲ့ပါတယ်။ သူနဲ့ ၂၆နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆွစ်ဖ် တို့က သြဂုတ်လ MTV ဆုပေးပွဲမှာလည်း အနီရောင်ကောဇောပေါ်ကို တူတူလျှောက်လာခဲ့ကြတာပါ။

" သူက ခေါင်းမာတယ်။ သူက အလွယ်တကူ ဒဏ်ရာရတတ်တယ်။ သူက သူဘယ်လိုခံစားနေရလဲဆိုတာကို လည်းပြောပြတယ် " လို့ ဂိုးမက်ဇ်က Fox News Latino ကို ပြောခဲ့ပါတယ်။

ဂိုးမက်ဇ်က သူရဲ့ နောက်ဆုံးထွက်အယ်ဘမ်လ် Revival  ကို အောက်တိုဘာလထဲမှာ ဖြန့်ချိမှာဖြစ်ပါတယ်။ သူက In Dubious Battle ဇာတ်ကားမှာတော့ ဂျိမ်းစ်ဖရန်ကို ၊ Neighbors 2: Sorority Rising မှာဇာတ်လမ်းမှာတော့  Zac Efron နဲ့ ရိုက်ကူးဖို့ စီစဉ်ထားပါသေးတယ်။



( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI