Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ပရိတ်သတ်တွေအတွက် ကိုယ်ပိုင်မိုဘိုင်းဂိမ်းတစ်ခု ဖန်တီးနေတဲ့ တေလာဆွစ်ဖ်

ပရိတ်သတ်တွေအတွက် ကိုယ်ပိုင်မိုဘိုင်းဂိမ်းတစ်ခု ဖန်တီးနေတဲ့ တေလာဆွစ်ဖ်

| No comment


Taylor Swift (တေလာဆွစ်ဖ်) ရဲ့ အမာခံပရိတ်သတ် (Swifties) တွေ စောင့်မျှော်နေကြတဲ့အချိန် ဆိုက်ရောက်လာပါပြီ။

ပေါ့ပ်စတား တေလာဆွစ်ဖ် ဟာ Kim Kardashian နဲ့ Katy Perry တို့ကို မိုဘိုင်းဂိမ်းရေးဆွဲထုတ်လုပ်ပေးခဲ့တဲ့ Glu Mobile နဲ့ပဲ အတူပူးပေါင်းကာ Taylor Swift မိုဘိုင်းဂိမ်းကို ဖန်တီးနေတယ်လို့သိရပါတယ်။

“ တေလာနဲ့ တစ်ကမ္ဘာလုံးကသူမပရိတ်သတ်တွေဟာ တစ်မူထူခြားတဲ့မိုဘိုင်းဂိမ်းအသစ်တစ်မျိုးကို မျှော်လင့်စောင့်စားနေကြတယ်လို့ ကျွန်တော်တို့ သိရပါတယ်။ ဒီအတွက် Glu ကုမ္ပဏီအနေနဲ့ တေလာရဲ့ ထူးခြားတဲ့ဂီတဖန်တီးနိုင်မှုအရည်အချင်းအတိုင်း ထပ်တူကျမယ့်၊ ထူးခြားတဲ့ဂိမ်းကစားနည်းတစ်မျိုးကို ဒီဇိုင်းရေးဆွဲလျက်ရှိပါတယ်” လို့ နည်းပညာကုမ္ပဏီတစ်ခုဖြစ်တဲ့ Glu က ဗုဒ္ဓဟူးနေ့မှာ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

Kim Kardashian: Hollywood မိုဘိုင်းဂိမ်းကနေ စတင်ကာ နာမည်ကြီးမင်းသားမင်းသမီး၊အဆိုတော်တွေရဲ့မိုဘိုင်းဂိမ်းတွေဟာ လူငယ်တွေအကြားမှာ အောင်မြင်လာခဲ့ပြီး၊ Katy Perry ၊ Britney Spears ၊ Nicki Minaj ၊ Demi Lovato ၊ Kylie Jenner တို့ကလည်း အလားတူမိုဘိုင်းဂိမ်းတွေ လိုက်ထုတ်ခဲ့ကြပါတယ်။

Kim Kardashian ဂိမ်းဟာ Glu ကုမ္ပဏီအတွက် ၀င်ငွေအများဆုံးရှာပေးနိုင်ခဲ့တဲ့ဂိမ်းတစ်ခုအဖြစ် လက်ရှိမှာ ရပ်တည်လျက်ရှိပြီး၊ app အတွင်းဝယ်ယူမှု (in-app purchaes) တွေကနေ ၂၀၁၄ ခုနှစ်မှာ ဒေါ်လာ ၇၄ သန်းနဲ့၊ ၂၀၁၅ ခုနှစ်မှာ ဒေါ်လာ သန်း ၂၀၀ လောက် ၀င်ငွေရှာပေးနိုင်ခဲ့ပါတယ်။

တေလာဆွစ်ဂိမ်းဟာ ဘယ်လိုပုံစံမျိုးဖြစ်မလဲဆိုတာကိုတော့ လက်ရှိမှာ ကုမ္ပဏီထုတ်ပြန်ကြေငြာခဲ့ခြင်းမရှိသေးဘဲ၊ Kim နဲ့ Katy တို့ ဂိမ်းတွေပုံစံအတိုင်း၊ ကာတွန်းပုံစံရုပ်ထွက်နဲ့ နာမည်ကြီးဘ၀ရောက်အောင် အဆင့်ဆင့်တက်လှမ်းရတဲ့ဂိမ်းမျိုးဖြစ်မယ်လို့ ယူဆရပါတယ်။

( Ye Wint )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: MTV