Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , , လီယိုနာဒို ကို ချီးကျူးပြောဆိုခဲ့တဲ့ ကိတ်ဝင်းစလတ်

လီယိုနာဒို ကို ချီးကျူးပြောဆိုခဲ့တဲ့ ကိတ်ဝင်းစလတ်

| No comment


ဟောလီးဝုဒ် သရုပ်ဆောင်တွေဖြစ်ကြတဲ့  Kate Winslet (ကိတ်ဝင်းစလတ်) နဲ့  Leonardo DiCarprio (လီယိုနာဒို ဒီကာပရီယို) တို့ဟာ ၁၉၉၇ ခုနှစ်က Titanic ဇာတ်လမ်းနဲ့ အတူ ကမ္ဘာမှာ သမိုင်းတွင်ခဲ့ပြီး ဖြစ်ပါတယ်။ သူတို့ ၂ယောက်ဟာ ၂၀၀၈ ခုနှစ်မှာလည်း Revolutionary Road ဆိုတဲ့ ဇာတ်လမ်းမှာ အတူတကွ သရုပ်ဆောင်ရင်း သူငယ်ချင်း အဖြစ် ဆက်လက်တည်ရှိနေခဲ့ကြပါတယ်။

People မဂ္ဂဇင်းရဲ့  နောက်ဆုံးထုတ် စာအုပ်ထဲမှာတော့ ကိတ်ဝင်းစလတ်ဟာ လီယိုနာဒို ဒီကာပရီယို အပေါ်မှာ သရုပ်ဆောင်တစ်ယောက်အနေနဲ့ရော သူငယ်ချင်း တစ်ယောက်အနေနဲ့ပါ သူမရဲ့  စိတ်ထဲက ခံစားမှုတွေနဲ့ ပတ်သက်ပြီးဖွင့်ဟ ပြောပြခဲ့ပါတယ်။ သူမ အဓိက ချီးကျူးခဲ့တာကတော့ The Revenant ဇာတ်လမ်းမှာ လီယိုနာဒို ရဲ့  အော်စကာ ဆန်ကာတင်စာရင်း ၀င်ခဲ့မှု ပဲဖြစ်ပါတယ်။

"သူဟာ တည်ငြိမ်ပြီး သစ္စာရှိတဲ့ လူတစ်ယောက်ပါ။ သူက သူငယ်ချင်းကောင်းတစ်ယောက်လည်း ဖြစ်တယ်။ ကျွန်မတစ်ယောက်တည်းအတွက်တင် မဟုတ်ပဲ သူ့အနားက လူတိုင်းအတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ။ပြီးတော့ သူဟာ Titanic ဇာတ်လမ်းထဲက သူငယ်ချင်းတွေနဲ့ ဆက်လက်ခင်မင်နေတုန်းပါပဲ" လို့ အသက် ၄၀ အရွယ် ကိတ်ဝင်းစလတ်က အသက် ၄၁ နှစ်အရွယ် လီယိုနာဒို နဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ကိတ်ဝင်းစလတ်က လီယိုနာဒိုဟာ သူမနဲ့ သိခါစက ထက် ပြောင်းလဲသွားတာအနည်းငယ်ပဲ ရှိခဲ့တယ်လို့ ဆိုပြီး ပြောင်းလဲမှုတွေဟာ ပိုမိုသန်မာလာတဲ့ မင်းသား ဖြစ်လာတာ ၊ ပိုမိုခန့်ညားလာတာ တို့ပဲ ဖြစ်တယ်လို့လည်း ဆိုထားပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse