Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , ဆွေမျိုးကောင်းစားရေး ၀ါဒီတွေလို့ ဘက်ခမ်း မိသားစု စွပ်စွဲခံရ

ဆွေမျိုးကောင်းစားရေး ၀ါဒီတွေလို့ ဘက်ခမ်း မိသားစု စွပ်စွဲခံရ

| No comment


David Beckham (ဒေးဗစ်ဘက်ခမ်း) နဲ့ Victoria Beckham (ဗစ်တိုးရီးယားဘက်ခမ်း)တို့ရဲ့ သားဖြစ်သူ Brooklyn Beckham (ဘရွတ်ကလင်း ဘက်ခမ်း) ဟာ ဓါတ်ပုံပညာ လောကထဲမှာ ပါဝင်ပတ်သက်လာပါတယ်။ ဒါပေမယ့်လည်း သူတို့ရဲ့  ပါဝင်လာမှုက လာခြင်းတော့မကောင်းခဲ့ပါဘူး။ အသက် ၁၆ နှစ်အရွယ် ဘရွတ်ကလင်းရဲ့  နောက်ဆုံးရိုက်ကူးထားတဲ့ ကြော်ငြာ ဓါတ်ပုံတွေဟာ ဓါတ်ပုံဆရာ အချို့ အတွက်တော့ မတန်ဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ဒေါသထွက်စေခဲ့ပါတယ်။

ဘရွတ်ကလင်းဟာ Burberry အမှတ်တံဆိပ် ကနေ ထွက်ရှိလာမယ့် ရေမွှေးအသစ် အတွက် ကြော်ငြာ ဓါတ်ပုံရိုက်ကူးခဲ့ပြီး အဲဒီ ရိုက်ကူးမှုကြောင်း ဘက်ခမ်းမိသားစုနဲ့ Burberry ကုမ္မဏီတို့ဟာ ကိုယ့်ဖက်ကိုယ်ယက် ဆွေမျိုးကောင်းစားရေးဝါဒ ကျင့်သုံးနေတယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

ဓါတ်ပုံဆရာ Chris Floyd က The Guardian သတင်းဌာနကို "ဒေးဗစ်နဲ့ဗစ်တိုးရီးယားတို့ဟာ sheer willpower နဲ့ graft တို့ကို ကိုယ်စားပြုကြပါတယ်။ အဲဒီလို ကိုယ်စားပြုနိုင်ဖို့ သူတို့၂ ယောက် အလုပ်တွေ ခက်ခက်ခဲခဲ လုပ်ခဲ့ရပေမယ့် သူတို့ရဲ့ သားကတော့ အလွယ်တကူ ဒီအခြေအနေဖြစ်သွားပါတယ်။ ဒါဟာ ကိုယ့်ဖက်ကိုယ်ယက်တဲ့ ဆွေမျိုးကောင်းစားရေးဝါဒပဲဖြစ်ပါတယ်" လို့ ပြောပြခဲ့ပါတယ်။

ဒါ့အပြင် ဘရွတ်ကလင်း ဘက်ခမ်းဟာ Burberry ရေမွှေးအသစ်ကို ကိုယ်စားပြုနိုင်ဖို့ ခက်ခက်ခဲခဲ မကြိုးစားခဲ့ရပဲ သူ့မိဘရဲ့  အရှိန်အ၀ါကြောင့် နေရာရလာခဲ့တာဖြစ်တယ်လို့လည်း ဓါတ်ပုံဆရာ အချို့ က စွပ်စွဲခဲ့ကြပါတယ်။ ဓါတ်ပုံဆရာ တစ်ချို့ ကတော့ ဒီဖြစ်ရပ်ကို မကျေနပ်တာကြောင့် Burberry နဲ့ လက်တွဲဖြုတ်ခဲ့တယ်လို့လည်း သိရပါတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse