Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ကလေးဆေးရုံတစ်ခုကို ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့တဲ့ ဂျနီဖာလောရင့်စ်

ကလေးဆေးရုံတစ်ခုကို ဒေါ်လာ ၂ သန်း လှူဒါန်းခဲ့တဲ့ ဂျနီဖာလောရင့်စ်

| No comment


ဟောလီးဝုဒ်ရဲ့ သရုပ်ဆောင်မင်းသမီးဖြစ်တဲ့ Jennifer Lawrence (ဂျနီဖာလောရင့်စ်) ကတော့ သူမရဲ့ ပရဟိတလုပ်ငန်းတွေကို ပြန်ပြီး အသက်သွင်းနေပြီဖြစ်ပါတယ်။ ဂျနီဖာဟာ သူမရဲ့မွေးရပ်မြေဖြစ်တဲ့ Louis Ville  မြို့မှာ Kosair လို့ အမည်ရတဲ့ ကလေးဆေးရုံတစ်ခုကို ဒေါ်လာ ၂ သန်းသွားရောက် လှူဒါန်းမှု ပြုလုပ်ခဲ့ပါတယ်။ ဒီပိုက်ဆံတွေကိုတော့ ဆေးရုံရဲ့ အဆောက်အအုံသစ်တည်ဆောက်ရာမှာ မ,တည်ငွေအဖြစ် အသုံးပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဂျနီဖာလောရင့်စ်ကတော့ ဒီလှူဒါန်းမှုကို မပြုလုပ်ခင်မှာ ဗီဒီယိုမှတ်တမ်းတစ်ခုကို ရိုက်ကူးခဲ့ပြီး ဒီဗီဒီယိုထဲမှာတော့ “ကျွန်မအရမ်းစိတ်လှုပ်ရှားနေမိတယ်။ ဂျနီဖာလောရင့်စ်ဖောင်ဒေးရှင်းရဲ့ လက်တံတစ်ခုကို  Kosair ကလေးဆေးရုံမှာ တည်ထောင်နိုင်ခဲ့လို့ ဝမ်းမြောက်မိပါတယ်။ ကျွန်မရဲ့ လှူဒါန်းမှုက ကလေးတွေကို အထောက်အပံ့ဖြစ်စေပြီး ကလေးတွေကို စောင့်ရှောက်နေတဲ့သူတွေကိုလည်း ထောက်ပံ့နိုင်မယ်လို့ ထင်ပါတယ်။ ”

“ကျွန်မရဲ့ ဒေါ်လာ ၂ သန်းဆိုတဲ့ ငွေက ကလေးငယ်တွေရဲ့ ဘဝတွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်နိုင်ဖို့အတွက် လက်ဆောင်တစ်ခုဖြစ်ချင်ပါတယ်။ ” လို့ ဂျနီဖာလောရင့်စ်က ပြောပါတယ်။

ဆေးရုံမှာတည်ဆောက်သွားမယ့် အဆောက်အအုံသစ်မှာတော့ နှလုံးရောဂါခံစားနေရတဲ့ ကလေးငယ်တွေအတွက် သီးသန့်ခန်းတွေ ၊ နှလုံးခွဲစိတ်ခန်းတွေ ပါဝင်သွားမှာဖြစ်ပါတယ်။ ဂျနီဖာလောရင့်စ်ရဲ့ ဖောင်ဒေးရှင်းကတော့ ကလေးတွေရဲ့ မိသားစုဝင်တွေ နေထိုင်နိုင်ဖို့အတွက် ကုတင် ၁၄ လုံးကိုလည်း လှူဒါန်းသွားမှာ ဖြစ်တဲ့အပြင် ကျန်းမာရေးအတွက် အထူးကုဆရာဝန်တွေကို လိုအပ်ခဲ့ရင်လည်း တာဝန်ယူ ငှားရမ်းပေးသွားမှာလည်း ဖြစ်ပါတယ်။

အခုလိုအစီအစဉ်တွေကို ပြုလုပ်နိုင်ဖို့အတွက် ဂျနီဖာဟာ ဆေးရုံကို သွားရောက်ခဲ့ပြီး သူမအတွက်တော့ အံ့သြစရာကောင်းတဲ့ ကလေးငယ်တွေကို တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz