Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , အော်လန်ဒိုဘလွန်းရဲ့ သားဖြစ်သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ ကေတီပယ်ရီ

အော်လန်ဒိုဘလွန်းရဲ့ သားဖြစ်သူကို သွားရောက်တွေ့ဆုံခဲ့တဲ့ ကေတီပယ်ရီ

| No comment


မင်းသား Orlando Bloom (အော်လန်ဒိုဘလွန်း) နဲ့ Katy Perry(ကေတီပယ်ရီ)တို့ဟာဆိုရင်တော့ သူတို့ရဲ့ ကောလဟလလို့ပြောနေတဲ့ နှစ်ဦးသားချစ်ကြိုက်နေပြီဆိုတဲ့ သတင်းတွေကို ပိုပြီးသေချာသွားအောင် လုပ်လိုက်ပြန်ပါပြီ။

သူတို့နှစ်ယောက်ဟာဆိုရင်တော့ လော့စ်အိန်ဂျလိစ်မြို့မှာ အတူရှိနေခဲ့ကြပြီး အော်လန်ဒိုဘလွန်းရဲ့ဇနီးဟောင်း မီရန်ဒါကား နဲ့ရတဲ့ သားဖြစ်သူ ဖလင်းကို သွားရောက်တွေ့ဆုံခဲ့ကြတယ်လို့ သိရပါတယ်။

အသက်ငါးနှစ်ရှိပြီဖြစ်တဲ့ ဖလင်းကလည်း ကေတီနဲ့အတူတူ တစ်ချိန်လုံးရှိနေခဲ့ပါတယ်။

သူတို့ဟာ အဲ့ဒီနောက်မှာတော့ ဖလင်းနဲ့အတူ ရောဘတ်ဒေါင်နီဂျူနီယာရဲ့ ပါတီကို သွားရောက်ခဲ့ကြပြီး BMW ကားနဲ့ ပြန်ထွက်ခွာလာတဲ့ ပုံတွေကို ပါပရာဇီတွေက အမိအရရိုက်ကူးနိုင်ခဲ့ပါတယ်။

သူတို့ဟာ နေ့လည်စာကိုလည်း အတူစားသောက်ခဲ့ကြပြီး နှစ်ယောက်လုံးက အနောက်ဟောလီးဝုဒ်မှာ အချိန်ကုန်ခဲ့ကြတယ်လို့ သိရပါတယ်။ အတွင်းလူတွေရဲ့ အဆိုအရတော့ သူတို့နှစ်ယောက်ဟာ နီးနီးကပ်ကပ်ရှိနေခဲ့ကြပြီးတော့ ညစာကိုလည်း အတူစားသောက်နေခဲ့ကြတယ်လို့ သိရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz