Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , တက်တူးအသစ် ၃ ခုနဲ့ အိန်ဂျလီနာဂျိုလီ

တက်တူးအသစ် ၃ ခုနဲ့ အိန်ဂျလီနာဂျိုလီ

| No comment


Angelina Jolie  (အိန်ဂျလီနာဂျိုလီ) တစ်ယောက် တက်တူးအသစ် ၃ ခုထိုးထားတယ်လို့ သိရပါတယ်။

အသက် ၄၀ အရွယ် အမေရိကန်မင်းသမီးကို Cambodia နိုင်ငံမှာရိုက်ကူးနေတဲ့ First They Killed My Father ရိုက်ကွင်းမှာ တနင်္ဂနွေနေ့က တက်တူးအသစ်တွေနဲ့ တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဗုဒ္ဓဘာသာဝင်တွေရဲ့ မိရိုးဖလာဒီဇိုင်းဖြစ်တဲ့ Yantra စတိုင်တက်တူးကို ဂျိုလီရဲ့ ကျောအပေါ်ပိုင်းမှာ ထိုးထားတာ ဖြစ်ပါတယ်။ ဒီပုံသုံးပုံရဲ့ အဓိပ္ပါယ်တွေကတော့ ငြိမ်းချမ်းရေး၊ အချစ် နဲ့ မင်္ဂလာရှိတဲ့ ဘ၀ ဆိုပြီးဖြစ်တယ်လို့ ဆိုပါတယ်။

၂၀၁၀ ခုနှစ်တုန်းကလည်း Post Mordern Ink မဂ္ဂဇင်းမှာလည်း “ ကျွန်မ တက်တူးတွေကို သဘောကျပါတယ်၊ ဒါတွေက ခန္ဓာကိုယ်ပေါ်က အနုပညာလက်ရာတွေပါပဲ “ လို့ မင်းသမီးက ဖြေကြားထားဖူးပါတယ်။

 “ တော်တော်များများက ကျွန်မရဲ့ တက်တူးတွေအကြောင်း မေးနေကြပြီလေ၊ မဟုတ်ပါဘူးလို့ ကျွန်မဘယ်လိုဖြေမလဲ။ ဒီလို တက်တူးထိုးတာက အထူးသဖြင့် ဖခင်တွေနဲ့ မိန်းကလေးတွေမှာ အခက်အခဲရှိပါတယ်။ တစ်ချို့တစ်ချို့သော အကြောင်းအရာတွေကြောင့် သမီးငယ်တွေ တက်တူးထိုးတဲ့အခါ အဖေဖြစ်သူတွေက မကြိုက်ကြတာတွေ ရှိပါတယ်။ “ လို့လည်း မင်းသမီးက ပြောပြထားပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI