Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / ဇနီးဟောင်း ၂ ယောက်ကို တစ်လ ဒေါ်လာ ငါးသောင်းခွဲစီ ပုံမှန်ထောက်ပံ့နေရတဲ့ Charlie Sheen

ဇနီးဟောင်း ၂ ယောက်ကို တစ်လ ဒေါ်လာ ငါးသောင်းခွဲစီ ပုံမှန်ထောက်ပံ့နေရတဲ့ Charlie Sheen

| No comment

မကြာသေးမီကမှ HIV ပိုးရှိနေကြောင်း တရားဝင် ထုတ်ဖော်ပြောကြားလာသူ ဟောလီးဝုဒ် မင်းသား Charlie Sheen ဟာ သူ့ရဲ့  ဇနီးဟောင်း ၂ ယောက်ဖြစ်ကြတဲ့ Denise Richards နဲ့ Brooke Mueller တို့ကို တစ်လလျှင် ဒေါ်လာ ငါးသောင်းခွဲစီ ပုံမှန် ထောက်ပံ့နေရဆဲ ဖြစ်တယ်လို့ ထုတ်ဖော် ပြောကြားလာပြန်ပါတယ်။

“The Dr. Oz Show” ဆိုတဲ့ အစီအစဉ်အသစ်တစ်ခုမှာ ပရိတ်သတ်နဲ့ လာရောက်တွေ့ဆုံရင်း Charlie Sheen က အခုလို ပြောပြသွားတာ ဖြစ်ပါတယ်။

ဒါပေမယ့် Sheen က အပြည့်အစုံ ရှင်းပြသွားရာမှာတော့ သူဟာ သူ့ ဇနီး ဟောင်းတွေဖြစ်တဲ့ Richards နဲ့ Mueller တို့ကိုပဲ ထောက်ပံ့ဖို့ စီစဉ်ထားတာ မဟုတ်ပဲ ထို ဇနီးဟောင်းတွေနဲ့ ရရှိခဲ့တဲ့ ကလေး တွေအတွက် ထောက်ပံ့တာလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ အသက် ၅၀ အရွယ် ရှိနေပြီဖြစ်တဲ့ Charlie Sheen ဟာ အသက် ၆ နှစ်အရွယ် အမြွှာပူး သား ၂ ယောက်ဖြစ်တဲ့ Max နဲ့ Bob တို့ကို ဇနီးဟောင်းဖြစ်သူ Brooke Mueller နဲ့ ရရှိခဲ့ပြီး အသက် ၁၁ နှစ်အရွယ် Sam ၊ အသက် ၁၀ နှစ်အရွယ် Lola Rose စတဲ့ သမီး ၂ ယောက်ကိုလည်း ဇနီးဟောင်း Denise Richards နဲ့ အတူ ရရှိခဲ့တာ ဖြစ်ပါတယ်။

Sheen ရဲ့  ဇနီးဟောင်း Denise Richards ဟာ ဇန်န၀ါရီလတုန်းက Sheen  ကို လျော်ကြေး ဒေါ်လာ ၁.၂သန်း ခန့် တန်ကြေး ရှိတဲ့ တရားစွဲဆိုမှု တစ်ခုပြုလုပ်ခဲ့ပါတယ်။ သူမ စွပ်စွဲထားတဲ့အကြောင်းအရာကတော့ Sheen ဟာ သူမရဲ့  သမီး ဖြစ်သူ Lola ထံ ဖုန်းနဲ့ စာတိုပေးပို့ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုထားပါတယ်။

တရားရုံးက ကြားနာခဲ့တာကတော့ Sheen ဟာ Lola ထံ “ငါ မင်းကို သတ်မယ်။ မင်းအမေကိုလည်း သတ်မယ်” လို့ အဓိပ္ပာယ်ရတဲ့ စာတို တစ်စောင်ပေးပို့ခဲ့တယ်လို့ အမှုတွဲထဲမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် Sheen ကတော့ စာတိုပေးပို့ခဲ့တယ်ဆိုတာကို ၀န်ခံပေမယ့် သူ့ရဲ့  ဇနီးဟောင်း နဲ့ သမီး ကို ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘူးလို့တော့ ငြင်းဆိုထားပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse