Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Chrissy Teigen က ဖန်ပြွန်သန္ဓေသား ကုထုံးနဲ့ သမီးငယ်လေး မွေးဖွားဖို့ ရွေးချယ်

Chrissy Teigen က ဖန်ပြွန်သန္ဓေသား ကုထုံးနဲ့ သမီးငယ်လေး မွေးဖွားဖို့ ရွေးချယ်

| No comment

Chrissy Teigen ဟာ သမီးငယ်လေး မွေးဖွားဖို့ ဖန်ပြွန်သန္ဓေသားကုထုံး စမ်းသပ်မှုမှာ ရွေးချယ်ခဲ့ပါတယ်။

အင်္ဂါနေ့က People မဂ္ဂဇင်းနဲ့ သူ့ရဲ့ချက်နည်းပြုတ်နည်းစာအုပ် Cravings: Recipes for All the Food You Want to Eat အရောင်းမြှင့်တင်ရေး အင်တာဗျူးကဏ္ဍတစ်ခုမှာ အသက် ၃၀ အရွယ် နာမည်ကျော်မော်ဒယ်လ်က သတင်းပေးသွားခဲ့တာဖြစ်ပါတယ်။

“ ကျွန်မ ဒီလိုဆုံးဖြတ်ခဲ့တာပါ၊ သမီးလေးလိုချင်တာ ကျွန်မတစ်ယောက်တည်းမဟုတ်ပါဘူး၊ သမီးလေးကို သူ့ရဲ့ သားဥအိမ်ထဲက ထုတ်လိုက်ချိန်မှာတော့ မိန်းကလေးပဲ မွေးရအောင်လို့ ကျွန်မပြောလိုက်မိတယ် “ လို့ မဂ္ဂဇင်းကို ပြောပြသွားပါတယ်။

Teigen နဲ့ ခင်ပွန်းဖြစ်သူ John Legend တို့ဟာ မျိုးအောင်မှုဆိုင်ရာ ပြဿနာကြုံတွေ့ပြီးချိန်မှာတော့ ဖန်ပြွန်သန္ဓေသားကုထုံး ကုသမှုခံယူခဲ့ပါတယ်။ ပြီးတော့ သူတို့စုံတွဲဟာ ဒီဇင်ဘာလကစပြီး သမီးငယ်လေးကို ကိုယ်ဝန်ဆောင်ဖို့ ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့တစ်ပါတ် Grammy ဆုပေးပွဲမှာTeigen ဟာ သူရဲ့ကိုယ်ဝန်ဆောင်ဗိုက်ကြီးနဲ့ ခင်ပွန်းဖြစ်သူ Legend ရဲ့ ဘေးမှာ ရှိနေခဲ့ပါတယ်။



( Michelle  )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI