Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Clash မဂ္ဂဇင်းအတွက် အဝတ်မပါဘဲ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ ဂျက်စတင်ဘီဘာ

Clash မဂ္ဂဇင်းအတွက် အဝတ်မပါဘဲ ဓာတ်ပုံအရိုက်ခံခဲ့တဲ့ ဂျက်စတင်ဘီဘာ

| No comment

စောင်ရေ ၁၀၀ မြောက်အဖြစ်ထုတ်ဝေတဲ့ Clash မဂ္ဂဇင်းမျက်နှာဖုံးမှာတော့ လူငယ်အဆိုတော် Justin Bieber (ဂျက်စတင်ဘီဘာ)ရဲ့ အဝတ်မပါတဲ့ ဓာတ်ပုံကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီပုံထဲမှာတော့ ဘီဘာရဲ့ ဦးထုပ်တစ်လုံးသာ ဆောင်းထားပြီး ပင်လယ်ဘေးမှာ မတ်တပ်ရပ်နေတဲ့ ပုံစံမျိုးကို တွေ့ရပါတယ်။



သူ့ရဲ့ ကာဗာ story အင်တာဗျူးမှာတော့ “Purpose” အယ်လ်ဘမ်နဲ့ တစ်ကျော့ပြန်အောင်မြင်မှုကို ရရှိနေတဲ့ ဂျက်စတင်ဘီဘာက “Purpose အယ်လ်ဘမ်ကတော့ အခက်အခဲတွေ အများကြီးနဲ့ အောင်မြင်မှုရခဲ့တဲ့ ခွေပါ။ ကျွန်တော်ဒီအယ်လ်ဘမ်ကို ဖန်တီးနေချိန်မှာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခက်အခဲတွေ တွေ့ကြုံခဲ့ရပါတယ်။ ကျွန်တော့်ရဲ့ အဆိုတော်ဘဝကို ပိုပြီးရင့်ကျက်စေခဲ့တဲ့ မှတ်တိုင်တစ်ခုဖြစ်ပါတယ်။ ” လို့ ပြောပါတယ်။

JB ဟာဆိုရင်တော့ ဒီအင်တာဗျူးမှာ သူ့ဘဝရဲ့ ကဏ္ဍအစုံအလင်ကိုလည်း ပြောကြားခဲ့ပါတယ်။ “ကျွန်တော်ရဲ့ အချစ်ရေးကတော့ သူငယ်ချင်းအချစ်ရေးလိုပဲဗျ။ ကျွန်တော်အရင်တုန်းက အမှားတွေ ကျူးလွန်ခဲ့တယ်။ လူဆိုတာ အမှားကိုယ်စီတော့ ရှိဖို့ ဖြစ်လာတာပဲလေ ” လို့ ဂျက်စတင်ဘီဘာက ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz