Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ၂လသားအရွယ် သမီးလေးကို နားကပ်ဖောက်ပေးခဲ့တဲ့ Coco Austin

၂လသားအရွယ် သမီးလေးကို နားကပ်ဖောက်ပေးခဲ့တဲ့ Coco Austin

| No comment


Coco Austin က ၂လသားအရွယ် သမီးလေး Chanel ကို နားပေါက်ဖောက်ပေးခဲ့ပါတယ်။

Coco Austin က သမီးငယ်လေး Chanel ကို နားပေါက်အသစ်လေးနဲ့ လှနေတဲ့ပုံကို ဗုဒ္ဓဟူးနေ့က Instagram မှာ တင်ခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရုပ်သံသရုပ်ဆောင်က ၂ လသား သမီးလေးရဲ့ နားကပ် သေးသေးလေးပန်ပေးထားတဲ့ ပုံကို “ ဒီနေ့ နားကပ်အသစ်လေးနဲ့ လှနေတာ ဘယ်သူလဲသိလား” လို့ ရေးသားပြီး ပုံနဲ့တကွ ဖော်ပြထားပါတယ်။

Chanel က တော့ နားပေါက်အသစ်လေးနဲ့ကြည့်ကောင်းနေပါတယ်။

 “ ကျွန်မလေ ကလေးမမွေးခင်ကတည်း လှမယ်ထင်တဲ့အရာတွေ အကုန်လုံး လုပ်ခဲ့တာပါ၊ Chanel ကိုလည်း ဓါတ်ပုံထဲမှာ လှလှလေးဖြစ်နေစေချင်တယ်၊ သူ့ကို စတွေ့တွေ့ချင်းက ကျွန်မ ငိုခဲ့မိတယ်။ အရမ်းပြည့်စုံတဲ့ သမီးငယ်လေးပါ.ကိုးလလုံးလုံး သူနဲ့ပတ်သက်တာတွေပဲ ခေါင်းထဲမှာ ထည့်ထားခဲ့ရပြီး ကျန်းမာသန်စွမ်းတဲ့ သမီးလေးကို တွေ့တွေ့ချင်းအချိန်မှာ ဘုရားသခင်ကို တကယ်ပဲ ကျေးဇူတင်မိပါတယ် “ လို့လည်း သူက E! News ကို ဖြေကြားထားပါတယ်။


( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI