Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Deadpool ဇာတ်ကောင်နဲ့ အော်စကာရဖို့ ရည်မှန်းထားတယ်ဆိုတဲ့ ရိုင်ယန်ရေးနိုးလ်

Deadpool ဇာတ်ကောင်နဲ့ အော်စကာရဖို့ ရည်မှန်းထားတယ်ဆိုတဲ့ ရိုင်ယန်ရေးနိုးလ်

| No comment


Deadpool ရုပ်ရှင်ကားမှာ Deadpool အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသား Ryan Reynolds (ရိုင်ယန်ရေးနိုးလ်) ကတော့ ဒီဇာတ်ကောင်နဲ့ အော်စကာဆုကို ရရှိဖို့ရည်မှန်းထားတယ်လို့ ပြောပါတယ်။ ကမ္ဘာတစ်ဝှမ်းရုံတင်ပြသခဲ့ရမှာတော့ Deadpool ဟီးရိုးရဲ့ တစ်မူထူးခြားတဲ့ ပုံစံတွေကြောင့် လူကြိုက်များခဲ့ပြီး ရုံဝင်ငွေတွေကလည်း သောက်သောက်လဲရရှိခဲ့ပါတယ်။

ရေးနိုးလ်က သူ့ရဲ့တွစ်တာမှာ “အော်စကာဆုအတွက်မဲပေးရွေးချယ်ဖို့ အချိန်နည်းနည်းပဲလိုပါတော့တယ်။ ဆန်ကာတင်စာရင်းမှာ မပါတဲ့ အရည်အချင်းမပြည့်မီတဲ့ ဒီရုပ်ရှင်အတွက် မဲပေးတဲ့ လှုပ်ရှားမှုလေးတွေများ လုပ်ကြမလား ” ဆိုပြီး Deadpool ပုံနဲ့ တွဲပြီး တင်ထားခဲ့ပါတယ်။

ရေးနိုးလ်က ချီးကျူးထောမနာပြုထားတဲ့ လူတွေထဲမှာ ဒါရိုက်တာတင်မေလာနဲ့ ရုပ်ရှင်ဆုကို ရရှိနိုင်တယ်လို့ဆိုထားပြီး အကောင်းဆုံး ချစ်ကြိုက်ခန်းအနေနဲ့တော့ သူ့ကိုယ်သူပြန်ပြီး တစ်ပေးထားခဲ့တာပါ။

Deadpool ဇာတ်ကားဟာဆိုရင်တော့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှသာ ရုံတင်ပြသခဲ့တာဖြစ်ပြီး အော်စကာရဲ့ သတ်မှတ်ချိန်အတွင်းမပါဝင်ခဲ့တာကြောင့် အော်စကာဆုအတွက် ထည့်သွင်းစဉ်းစားခြင်းမရှိခဲ့ပါဘူး။ အော်စကာဆုပေးပွဲကိုတော့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ ကယ်လီဖိုးနီးယားပြည်နယ်က Dolby ကဇာတ်ရုံမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz