တနင်္လာနေ့ညမှာ ကျင်းပသော ၅၈ကြိမ်မြောက် Grammy ဆုပေးပွဲအတွက် Taylor Swift ( တေလာဆွစ်ဖ်)က "Out of the Woods" တေးသီချင်းသီဆိုကာ ဖွင့်လှစ်ပေးခဲ့ပါတယ်
သူမကတော့ နက်ပြာရောင်ဘောင်းဘီကို ၀တ်ဆင်ထားပြီး ချောမွေ့လှပတဲ့ ဆံပင်ဂုတ်ဝဲလေးနဲ့ လော့အိန်ဂျယ်လိစ်ရှိ Staples Centerမှာ အကောင်းဆုံးတင်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒီ Grammy ဖွင့်ပွဲအတွက် Taylor Swift ကို ကျေးဇူးတင်ပါတယ်လို့ ရက်ပ်သီချင်းသီဆိုပြီး သရုပ်ဆောင်လည်းဖြစ်တဲ့ အစီစဉ်တင်ဆက်သူက ပြောထားပါတယ်။
“ ဘ၀ဆိုတာ အလွန်တိုတောင်းလှပါတယ်။ ရာစုနှစ်ရဲ့တစ်ဝက်အတွက် ကမ္ဘာပေါ်ကအကောင်းဆုံးတေးဂီတ သူရဲကောင်းတွေက ဒီနေ့မှာ ဒီ Grammy စတိတ်စင်ကြီးပေါ်မှာ တေးသီချင်းတွေရဲ့ထူးခြားလှတဲ့စွမ်းအားတွေကို ဂုဏ်ပြုဖို့ အတူတကွ လာရောက်ဆုံဆည်းကြတာပါ။ ဒါတွေအားလုံးက ဒီနေ့မှာ ကျွန်တော်တို့ကို ဖြန့်ဝေပေးလိုက်တာပါ။ ကျွန်တော်တို့တွေ တေးသီချင်းတွေရဲ့အချစ်တွေကို ဝေမျှပေးဖို့ ကျွန်တော်တို့အားလုံးကို စုစည်းစေလိုက်တာပါ။ လို့ ပြောဆိုဂုဏ်ပြုခဲ့ပါတယ် “ လို့လည်း သူက ဆိုပါတယ်။
( Michelle )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : UPI