Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Invisible Man ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် ဂျွန်နီဒပ်

Invisible Man ဇာတ်ကားသစ်မှာ ပါဝင်သရုပ်ဆောင်မယ့် ဂျွန်နီဒပ်

| No comment


Invisible Man ဇာတ်ကားကို ပြန်ပြီး အသက်သွင်းတော့မယ့် Universal စတူဒီယိုဟာဆိုရင်တော့ ဒီဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်မယ့် ဇာတ်ဆောင်မင်းသားအဖြစ် မင်းသားကြီး Johnny Depp (ဂျွန်နီဒပ်)ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ လာမယ့် "The Invisible Man" ဇာတ်ကားဟာဆိုရင်တော့ H.G.Wells ရဲ့ ဇာတ်လမ်းပေါ်မှာပဲ အခြေခံထားပြီး ဇာတ်ကားနာမည်ကိုလည်း စာအုပ်လိုပဲ ပေးသွားမယ်လို့ သိရပါတယ်။

၁၉၉၃ တုန်းက ကလော့ဒ်ရိန်းစ် သရုပ်ဆောင်ထားတဲ့ "The Invisible Man" ဇာတ်ကားမှာတော့ သိပ္ပံပညာရှင်တစ်ယောက်ဟာ ကိုယ်ပျောက်သွားတဲ့နည်းကို တွေ့ရှိသွားတဲ့ပုံစံမျိုးနဲ့ အစဖော်ထားတာဖြစ်ပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်ညွှန်းကို ဘယ်သူရေးမလဲ ၊ ဇာတ်ကားကို ဘယ်ဒါရိုက်တာက ရိုက်ကူးမလဲဆိုတာ မသိရသေးပေမယ့်လည်း အခုလိုမျိုး ဇာတ်ဆောင်မင်းသားကို ဘယ်သူသရုပ်ဆောင်မယ်ဆိုတာ ရွေးချယ်လိုက်တာဖြစ်ပါတယ်။ Universal စတူဒီယိုဟာ ဆိုရင်တော့ စကြာဝဠာမှာ ကြောက်မက်ဖွယ်အကောင်းဆုံး မကောင်းဆိုးဝါးတစ်ကောင်အဖြစ် Invisible Man ကို ပြန်ပြီး အသက်သွင်းဖွယ်ရှိပြီး ဇာတ်လမ်းကိုတော့ Chris Morgan က ဦးဆောင်ရေးသားသွားနိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

Universal စတူဒီယိုဟာ မကြာသေးခင်ကာလတွေကမှ မင်းသားကြီး တွမ်ခရုစ်ကို "The Mummy" ဇာတ်ကားမှာ သရုပ်ဆောင်မယ်လို့ အတည်ပြုခဲ့ပြီးနောက်ပိုင်းမှာ နောက်ထပ်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဂျွန်နီဒပ်ကို အခုလိုပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းလိုက်တာပါ။ Universal စတူဒီယိုကတော့ သူတို့ရဲ့ ရုပ်ရှင်ကားတွေ အသစ်တစ်ဖန်ပြန်အောင်မြင်လာဖို့ မထွက်ရှိတာ ကြာမြင့်ခဲ့တဲ့ ဇာတ်ကားတွေကို ပြန်ပြီး အသက်သွင်းနေပြီး ၂၀၁၇ မှာ ရုံတင်ပြသသွားနိုင်ဖို့ကို စီစဉ်လျက်ရှိနေတာဖြစ်တယ်လို့ သိရပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz