Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရည်းစားဟောင်းအကြောင်းကို သီဆိုထားတဲ့ “It’s You” သီချင်းကို ဇေန်မာလိခ် စတင်ဖြန့်ချိ

ရည်းစားဟောင်းအကြောင်းကို သီဆိုထားတဲ့ “It’s You” သီချင်းကို ဇေန်မာလိခ် စတင်ဖြန့်ချိ

| No comment


One Direction အဖွဲ့ကနေထွက်ပြီး အနုပညာလှုပ်ရှားမှုတွေကို တစ်ကိုယ်တော်ပြုလုပ်လျက်ရှိနေတဲ့ Zayn Malik ( ဇေန်မာလိခ် ) ဟာဆိုရင်တော့ သူ့ရဲ့ နောက်ထပ်သီချင်းတစ်ပုဒ်ကို ထပ်ပြီးတော့ မိတ်ဆက်လိုက်ပြီဖြစ်ပါတယ်။

ဒီသီချင်းဟာဆိုရင်တော့ သူ့ရဲ့ ရည်းစားဟောင်းဖြစ်တဲ့ Little Mix အဖွဲ့ဝင် Perrie Edwards ကို ရည်ညွှန်းထားတဲ့ သီချင်းဖြစ်တယ်လို့လည်း သိရပါတယ်။

သူ့ရဲ့ ဒီသီချင်းသစ်ကိုတော့ “The Tonight Show” မှာ စတင်သီဆိုပြခဲ့တာဖြစ်ပြီး အင်တာဗျူးပြုလုပ်တဲ့အချိန်မှာလည်း ပြတ်စဲခဲ့တဲ့ အချစ်ရေးကို သီဆိုထားတာဖြစ်တယ်လို့ သူက ဝန်ခံခဲ့ပါတယ်။

ဇေန်ဟာဆိုရင်တော့ သူ့ရဲ့တစ်ကိုယ်တော်အယ်လ်ဘမ်ဖြစ်တဲ့ “Mind of Mine” ကို ထုတ်လုပ်မယ်လို့ ပြောကြားခဲ့ပြီး မတ်လ ၂၅ ရက်နေ့မှာ စတင်ဖြန့်ချိမှာဖြစ်တယ်လို့ သိရပါတယ်။

သူ့ရဲ့ လက်ရှိဖြစ်သူ ဂီဂီဟတ်ဒစ်နဲ့ အတူတူသရုပ်ဆောင်ထားတဲ့ “Pillowtalk” သီချင်းဟာဆိုရင်တော့ ပရိသတ်တွေရဲ့ တစ်ခဲနက်အားပေးမှုကို ရရှိခဲ့ပါတယ်။ ဇေန်မာလိခ်ဟာဆိုရင် အယ်လ်ဘမ်သစ် “Mind of Mine” ကို အောင်မြင်မှုတွေ ရရှိနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Mirror