Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Kanye West ဟာ ဖက်ရှင်နဲ့ပတ်သက်ရင် အားမနာတတ်ဘူးလို့ Kris Jenner ဆို

Kanye West ဟာ ဖက်ရှင်နဲ့ပတ်သက်ရင် အားမနာတတ်ဘူးလို့ Kris Jenner ဆို

| No comment


ဖြစ်ရပ်မှန် ကြယ်ပွင့်တစ်ယောက်ဖြစ်တဲ့ Kris Jenner က ထုတ်ဖော်ပြောကြားလာတာဟာ သူမရဲ့  သားမက် ဖြစ်သူ Kanye West ဟာ ဖက်ရှင်နဲ့ ပတ်သက်ရင် အားမနာတတ်သူတစ်ယောက် ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။

Kris Jenner က E! သတင်းဌာနရဲ့  “ဖက်ရှင်ရဲတပ်ဖွဲ့” ဆိုတဲ့ ကဏ္ဍကို ပြောပြခဲ့တာကတော့ သူမရော အခြား မိသာစုဝင်တွေအားလုံးရော ဟာ Kanye West ရဲ့  ဖန်တီးမှုတစ်ခုခုကို မကြိုက်ခဲ့ရင်တော့ သူ့ကို ပြောဖြစ်မှာ မဟုတ်ဘူးလို့ ဆိုလာပါတယ်။

“သူဟာ အရမ်း အာရုံစိုက်တတ်သူတစ်ယောက်ပါ။ ဒါကြောင့် သူဟာ အရောင်တစ်ခုချင်းစီ နဲ့ အစီအစဉ်တွေကို အတူတကွ လုပ်ဆောင်တတ်သူလည်း ဖြစ်ပါတယ်။ သူဟာ သူ့ဇနီး Kim ရဲ့  ရွှေရောင်ဆံပင်ကိုတောင် ခွင့်ပြုခဲ့တာဟာ သူမရဲ့ ဆံပင်အရောင်က သူမရဲ့  ၀တ်စုံတွေနဲ့ဘယ်လို ဟပ်စပ်တယ်ဆိုတာကို တွေးခဲ့မိလို့ပါ” လို့ သူမက ပြောပြပါတယ်။

ဒါ့အပြင်သူမဟာ Kanye West ရဲ့  အလုပ်ကျင့်ဝတ်နဲ့ ဖက်ရှင်လုပ်ငန်းအပေါ် အာရုံစိုက်မှုတွေကို လေးစား ကြောင်းလည်း ထုတ်ဖော်ပြောကြားလာပါတယ်။

“သူဟာ အချိုးအစား မှန်ကန်ဖို့လည်း သေချာ အောင်လုပ်တတ်ပြီး ပြီးပြည့်စုံတယ်ဆိုတာ သင်သိပါတယ်။ ကျွန်မ တစ်ခုခုသွားဝယ်တယ်။ ပြီးတော့ကားပေါ်ပြန်တတ်တယ်။ ဟိုတယ်လ်ကို ပြန်လာတယ်ဆိုရင်ပဲ သူက ဖုန်းခေါ်ပါတယ်။ အဲဒါဟာ မှန်ကန်တယ်လို့ သူ မထင်မှတ်မိဘူးပေါ့။ ခင်ဗျားဘာလို့ ပြန်လာခဲ့ပါလား လို့ လှမ်းပြောပါတယ်” လို့ Kris က ရယ်မောရင်းပြောပြပါတယ်။

ဖက်ရှင်နဲ့ ဂီတ ပညာရှင်ကြီး Kanye West ဟာ သူ့ရဲ့ ဖက်ရှင် အင်ပါယာ အတွက် ငွေကြေးအင်အား လိုအပ်နေတဲ့အခြေအနေဖြစ်ပြီးသူဟာ ဒေါ်လာ ၅၃ သန်း အကြွေးတင်နေတယ်လို့ Twitter မှာ ရေးသားခဲ့ပါသေးတယ်။


( Mario )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Starpulse