Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ရုံတင်ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ “ Kung Fu Panda 3 ”

ရုံတင်ဝင်ငွေအကောင်းဆုံးဖြစ်နေတဲ့ “ Kung Fu Panda 3 ”

| No comment


မြန်မာနိုင်ငံမှာ မကြာခင်ကာအတွင်း ရုံတင်ပြသတော့မယ့် “ Kung Fu Panda 3 ” ဇာတ်ကားဟာဆိုရင်တော့ ဒီတစ်ပတ် မြောက်အမေရိကရဲ့ ရုံတင်ဝင်ငွေအကောင်းဆုံးစာရင်းမှာတော့ ပွဲဦးထွက်အပတ်မှာတင်ပဲ
 “ The Revenant ” ဇာတ်ကားကို ကျော်တက်သွားခဲ့ပါပြီ။

ဟာသဇာတ်မြူးပုံစံမျိုးရိုက်ကူးထားတဲ့ ဒီဇာတ်ကားကိုတော့ DreamWorks Animation  က ဖန်တီးထားပြီး အသံသရုပ်ဆောင်တွေအဖြစ်တော့ ဂျက်ဘလက် ၊ ဂျိုလီ ၊ ဒပ်ဖ်စတင်ဟော့ဖ်မန်းနဲ့ ဂျက်ကီချန်းတို့က ပါဝင်အားဖြည့်ပေးထားကြတာပါ။

ထင်ထားတာထက်အောင်မြင်မှုတွေရခဲ့တာကြောင့် အရမ်းကို အံ့သြမိတယ်လို့ ထုတ်လုပ်ဖြန့်ချိတဲ့ 20th Century Fox ကုမ္ပဏီရဲ့ ထုတ်လုပ်သူ Chris Aronson က ပြောပါတယ်။ သူတို့ဟာဆိုရင်တော့ ဇန်နဝါရီလ ၂၁ ရက်နေ့ကမှာ ဒီဇာတ်ကားကို ထုတ်လုပ်ခဲ့တာဖြစ်ပေမယ့်လည်း လက်ရှိကာလအထိ ရုံတင်ဝင်ငွေ ဒေါ်လာ ၄၁ သန်း အထိရရှိခဲ့တယ်လို့ သိရပါတယ်။

“ Kung Fu Panda 3 ” ဇာတ်ကားဟာဆိုရင်တော့ Box office ရဲ့ ဝင်ငွေအကောင်းဆုံး စာရင်းမှာတော့ မင်းသားကြီး လီယိုနာဒို ဦးဆောင်ထားတဲ့ “ The Revenant ” ဇာတ်ကားကို အလွယ်တကူကျော်တက်နိုင်ခဲ့ပါတယ်။

“ Kung Fu Panda 3 ” ရဲ့ ပထမအပတ်ရုံတင်ဝင်ငွေကိုတော့ ဒေါ်လာ ၃၅ သန်းလောက်သာ ရရှိနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခဲ့ပေမယ့်လည်း ထင်ထားတာထက်ပိုပြီး ဝင်ငွေတွေရခဲ့တာကတော့ ကွန်ဖူးပန်ဒါလေး “ပို” ရဲ့ စန်း ကြောင့်လို့တောင် မီဒီယာတွေက ရေးသားဂုဏ်ပြုခဲ့ကြပါတယ်။



( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz