Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , , Kylie Jenner မပါဝင်ဘဲ အခြားမိန်းကလေးတွေနဲ့ ပါတီပေးခဲ့တဲ့ Tyga

Kylie Jenner မပါဝင်ဘဲ အခြားမိန်းကလေးတွေနဲ့ ပါတီပေးခဲ့တဲ့ Tyga

| No comment


ရက်ပ်အဆိုကျော် Tyga ဟာဆိုရင်တော့ သူ့ရဲ့အိမ်မှာ Scott Disick , Chris Brown တို့နဲ့ အတူ ပါတီပေးပြီး တစ်ခြားမိန်းကလေးတွေနဲ့ ပါတီပေးပျော်ပါးခဲ့တယ်လို့ သိရပါတယ်။

ထူးခြားတာတစ်ခုကတော့ ဒီပါတီပွဲမှာ Tyga ဟာ သူ့ရဲ့ရည်းစားဖြစ်သူ Kylie Jenner ကို ထည့်သွင်း ဖိတ်ခေါ်ခဲ့ခြင်းမရှိတာပါ။ အဲ့ဒီပါတီမှာတော့ Scott Disick ဟာ မိန်းကလေးတစ်ယောက်နဲ့ တစ်ချိန်လုံးနီးနီးကပ်ကပ်ရှိနေခဲ့ပြီး Tyga ကတော့ ကောင်မလေးအချို့နဲ့အတူ တွဲကခဲ့တယ်လို့ သိရပါတယ်။

အဲ့နောက်မှာတော့ သူတို့တွေဟာ အနောက်ဟောလီးဝုဒ်မှာရှိတဲ့ နိုက်ကလပ်တစ်ခုကို သွားရောက်ခဲ့ပြီး Tyga က ကောင်မလေးတစ်ချို့နဲ့အတူ နိုက်ကလပ်ကနေ ပြန်ထွက်ခွာလာခဲ့တယ်လို့  သိရပါတယ်။ Tyga ကတော့ အဲ့နောက်မှာ ကားနောက်ခန်းမှာ အိပ်ပျော်နေခဲ့ပြီး သူ့သူငယ်ချင်းတစ်ယောက်က ကားမောင်းခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

Tyga ဟာဆိုရင်တော့ ပြီးခဲ့တဲ့ လအတွင်းက ဘရာဇီးမော်ဒယ်မလေးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ မက်ဆေ့ခ်ျတွေပို့ခဲ့လို့ ချစ်သူဖြစ်သူ Kylie Jenner နဲ့ ပြဿနာတက်ခဲ့ပါတယ်။ အဲ့ဒီ ကိစ္စဖြစ်ပွားပြီးနောက်မှာတော့ သူတို့နှစ်ယောက်ကို ပူးတွဲပြီး မမြင်ရတော့ဘဲ သူတို့နှစ်ယောက်ရဲ့ အချစ်ရေးလည်း အဆုံးသတ်သွားပြီလို့ ထင်ခဲ့ကြတာပါ။

ဒါပေမယ့် နီးစပ်သူတွေကတော့ သူတို့နှစ်ယောက်ဟာ ခဏတာ ခွဲနေကြတာဖြစ်ပြီး လမ်းခွဲတာမျိုးမဟုတ်သေးပါဘူးလို့ ပြောပါတယ်။

( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz