Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Lana Del Rey က နောက်ဆုံးထွက်သီချင်း 'Freak' မှာပါဝင်တဲ့ ၁၁မိနစ်စာ ဗီဒီယိုဖိုင်ကို ပြသ

Lana Del Rey က နောက်ဆုံးထွက်သီချင်း 'Freak' မှာပါဝင်တဲ့ ၁၁မိနစ်စာ ဗီဒီယိုဖိုင်ကို ပြသ

| No comment


Lana Del Rey က သူရဲ့နောက်ဆုံးထွက်သီချင်းအယ်ဘမ် Honeymoon မှာ ပါဝင်တဲ့ "Freak" သီချင်းရဲ့ ဗီဒီယိုဖိုင်အတိုလေးကို ဖော်ထုတ်ပြသခဲ့ပါတယ်။

၁၁မိနစ်ကြာမြင့်တဲ့ ဗီဒီယိုမှာ John Misty က Del Rey ရဲ့ ချစ်သူအဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဗီဒီယိုမှာ နှစ်ပိုင်းပါဝင်ကာ ပထမအပိုင်းတွင် Del Rey နဲ့ John Misty တို့ ထိတွေ့ကြည်နူးနေတာကို ပြသထားပြီး နောက်ပိုင်းမိနစ်တွေမှာတော့ "Freak" သီချင်းသံက ပေါ်လာလိုက် ပျောက်သွားလိုက် နဲ့ အနုပညာကိုဖော်ညွန်းထားကာ Claude Debussy's "Clair de Lune" ရဲ့ ဂီတသံစဉ်တွေ စတင်လာခဲ့ပါတယ်။

သီချင်းရဲ့ ဒုတိယပိုင်းမှာကတော့  Del Rey ရေငုပ်နေတဲ့ အလှအပတွေကို အနှေးရိုက် ပြကွက်တွေနဲ့တွေ့မြင်ရမှာဖြစ်ပြီး ပင်လယ်ရေအောက်ကြမ်းပြင်ရဲ့ အလှတရားကိုလည်းတွေ့မြင်ရမှာပါ။

Rolling Stone ရဲ့အဆိုအရ အဲဒီဗီဒီယိုကို အင်္ဂါနေ့ည Los Angeles တွင်ပြုလုပ်တဲ့ ပြသပွဲမှာတင်ဆက်ခဲ့တာပါ။



( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI