Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , အဝတ်မပါဘဲ ကိုယ်လုံးဆေးရေးပန်းချီနဲ့ ဓါတ်ပုံအရိုက်ခံခဲ့တဲ့ Lindsey Vonn

အဝတ်မပါဘဲ ကိုယ်လုံးဆေးရေးပန်းချီနဲ့ ဓါတ်ပုံအရိုက်ခံခဲ့တဲ့ Lindsey Vonn

| No comment


Lindsey Vonn က ၂၀၁၆ ခုနှစ် အားကစားဖက်ရှင် ရေကူးဝတ်စုံကဏ္ဍအတွက် အ၀တ်ဗလာနဲ့ ဆေးရေးပန်းချီဒီဇိုင်းဝတ်ဆင်ခဲ့ပါသတဲ့။
၃၁ နှစ်အရွယ် အိုလံပစ်စကိတ်အားကစားမယ်ဟာ မဂ္ဂဇင်းရဲ့အားကစားကဏ္ဍအတွက် ခန္ဓာကိုယ်ဆေးရေးပန်းချီနဲ့ ဓါတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။



 “ ကျွန်မက တစ်ဆက်တည်း ရေကူးဝတ်စုံ ၀တ်ဆင်လေ့မရှိပါဘူး..ဒီတော့ ပိုပျော်ဖို့ကောင်းမယ်ထင်ပါတယ်” လို့ Vonn က ဆိုပါတယ်။ Tweeter မှာလည်း “ @SI_Swimsuit Issue မှာ ပါဝင်ရဖို့ အရမ်းစိတ်လှုပ်ရှားနေပါတယ် “ လို့ တနင်္လာနေ့က ရေးသားဖော်ပြထားခဲ့ပါသေးတယ်။


လူနေမှုဘ၀ပုံစံ ၀က်ဘ်ဆိုဒ်တစ်ခုမှာလည်း “ ကျွန်မက အလှအပနဲ့ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းတွေ လုပ်ပါတယ်။ အငံဓါတ်လျော့နည်းပြီး အသားဓါတ်ပိုများများပါဝင်တဲ့ စားသောက်မှုပုံစံအတိုင်း စားသောက်ပြီး ပုံစံအားကစားလည်းလုပ်ပါတယ်။ ဒါကြောင့် အမြဲတမ်း တက်တက်ကြွကြွနေဖို့ အရမ်းလွယ်ကူပါတယ်” လို့လည်း ပြောထားပါသေးတယ်။

Vonn ဟာ ၂၀၁၀ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့တာဖြစ်ပြီး ဂေါက်ရိုက်ချန်ပီယံ Tiger Woods နဲ့ ၃နှစ်ကြာတွဲခဲ့တဲ့အတွက်လည်း လူသိများကျော်ကြားသူတစ်ဦး ဖြစ်ပါတယ်။



( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI