Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , ဂျက်စတင်ဘီဘာရဲ့ Love Yourself သီချင်းက Billboard Hot 100 စာရင်းမှာ နံပါတ်တစ်ဖြစ်လာ

ဂျက်စတင်ဘီဘာရဲ့ Love Yourself သီချင်းက Billboard Hot 100 စာရင်းမှာ နံပါတ်တစ်ဖြစ်လာ

| No comment


ကနေဒီယန် အဆိုတော် Justin Bieber (ဂျက်စတင်ဘီဘာ)ဟာ ဆိုရင်တော့ သူရဲ့ နောက်ဆုံးထွက်ရှိထားတဲ့ “Purpose” အယ်လ်ဘမ်ဟာ အောင်မြင်မှုမှတ်တိုင်တွေကို တစ်ခုပြီးတစ်ခု စိုက်ထူလျက်ရှိပါတယ်။

အဲ့ဒီအယ်လ်ဘမ်ထဲမှာ ပါဝင်ထားတဲ့  Love Yourself သီချင်းကလည်း အခုဆိုရင်တော့ သူ့ရဲ့နောက်ထပ်သီချင်းတစ်ပုဒ်ဖြစ်တဲ့ Sorry သီချင်းကို ကျော်ဖြတ်ပြီး Billboard Hot 100 စာရင်းမှာ နံပါတ်တစ်ဖြစ်လာခဲ့ပါပြီ။

ဒါ့ကြောင့် နံပါတ်တစ်နဲ့ နှစ်နေရာတွေမှာတော့ သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ Love Yourself နဲ့ Sorry သီချင်းတွေကပဲ လွှမ်းမိုးလျက်ရှိနေခဲ့ပါတယ်။

သူ့ရဲ့ ဒီသီချင်းဟာဆိုရင်တော့ Purpose အယ်လ်ဘမ်ထဲမှာ ထိပ်ဆုံးအဖြစ်ရပ်တည်နိုင်တဲ့ သုံးပုဒ်မြောက် သီချင်းဖြစ်ခဲ့ပြီး အယ်လ်ဘမ်ထဲကနေ Single တစ်ပုဒ်အဖြစ်ထွက်ရှိခဲ့တဲ့ “What Do You Mean”  သီချင်းကလည်း အစောပိုင်းမှာ အောင်မြင်မှုတွေရခဲ့ပြီး Billboard Hot 100 စာရင်းမှာ နံပါတ်တစ်ဖြစ်ခဲ့ပါတယ်။

ဂျက်စတင်ဘီဘာဟာဆိုရင်တော့ ဆယ်နှစ်အတွင်းမှာ တစ်အယ်လ်ဘမ်ထဲက သီချင်းသုံးပုဒ်မြောက် နံပါတ်တစ်ဖြစ်ခဲ့တဲ့ အမျိုးသားအဆိုတော်ဖြစ်ခဲ့ပြီး ၂၀၀၆ ခုနှစ်တုန်းကတော့ “Futuresex/Lovesounds” အယ်လ်ဘမ်နဲ့ ဂျက်စတင်တင်းဘလိတ်က အလားတူအောင်မြင်မှုမျိုးရရှိခဲ့ဖူးတာပါ။

အမျိုးသမီးအဆိုတော်မှာတော့ တေလာဆွစ်ဖ်က “1989” အယ်လ်ဘမ်နဲ့ JB လို အောင်မြင်မှုတွေရရှိခဲ့ဖူးပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : aceshowbiz