Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Oscar ဆုပေးပွဲတွင် လီယိုနာဒို ဒီကာပရီယို The Renevant ဇာတ်ကားဖြင့်Best Actor ဆုရရှိ

Oscar ဆုပေးပွဲတွင် လီယိုနာဒို ဒီကာပရီယို The Renevant ဇာတ်ကားဖြင့်Best Actor ဆုရရှိ

| No comment

Leonardo DiCaprio (လီယိုနာဒိုဒီကာပရီယို) သည် ၂၀၁၆အော်စကာဆုပေးပွဲတွင် အကောင်းဆုံး မင်းသားဆုရရှိခဲ့တယ်။ ဒီဟောလီးဝုဒ်စတားအနေနဲ့ အော်စကာဆုကို တနင်္ဂနွေနေ့မှာ လော့အိန်ဂျလိစ်တွင် ကျင်းပခဲ့တဲ့ ၈၈ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ THE RENEVANT ဇာတ်ကားမှ ဇာတ်ကောင် Hugh Glass အတွက် ရရှိခဲ့တာဖြစ်ပါတယ်။

မင်းသား လီယိုနာဒိုဟာ The Renevant ဇာတ်ကားက ဇာတ်ကောင် Hugh Glass အတွက် ယခုနှစ်ရုပ်ရှင်ရာသီမှာ ရေပန်းအစားဆုံးဖြစ်ခဲ့တာလည်းဖြစ်ပါတယ်။ သူအနေနဲ့ ယခုပထမဆုံးအနေနဲ့ အော်စကာဆုကို The Renevant ဇာတ်ကားမှ အဓိက ဇာတ်ရုပ်နဲ့ ရရှိခဲ့တာဖြစ်ပါတယ်။

အသက် ၄၁နှစ်ရှိပြီဖြစ်တဲ့ လီယိုနာဒိုဟာ သူ၏သရုပ်ဆောင် သက်တမ်း ၂၅နှစ်အတွင်း အော်စကာဆုအတွက် လေးကြိမ်လျာထားခြင်း ခံခဲ့ရပေမယ့် ၀က်ဝံတစ်ကောင်ကြောင့် ဒဏ်ရာရပြီး ရေခဲဖုံးလွှမ်းတဲ့ဒေသမှာ သားမွေး လုပ်ငန်းလုပ်ကိုင်သူတစ်ယောက်ရဲ့ အသက်ရှင်ရပ်တည်ဖို့ ရုန်းကန်ရပုံကို ခက်ခက်ခဲခဲသရုပ်ဆောင်ခဲ့တာကြောင့် အကောင်းဆုံး မင်းသားဆုကို ယခုမှပထမဆုံးအကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။


မင်းသား Matt Damonလည်း သည်းထိတ်ရင်ဖို အာကာသဇာတ်လမ်း The  Martianမှ အာကာသယာဉ်မှူး Mark Watney ဇာတ်ကောင်ဖြင့် ဇကာတင်ရွေးချယ်ခံခဲ့ရပေမယ့် လွဲချော်ခဲ့သလို မင်းသား Bryan Cranston လည်း Trumbo ဇာတ်ကားမှ Dalton Trumbo အနေဖြင့် သရုပ်ဆောင်မှုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီး လွဲချော်ခဲ့ပါတယ်။ Michael Fassbender ကတော့ Apple  Founder Steve Jobsအဖြစ် သရုပ်ဆောင်မှုအတွက် အော်စကာ ဇကာတင်စာရင်းမှာပါဝင်ခဲ့ပါတယ်။

တခြားအဓိကဆုတွေကိုတော့ အကောင်းဆုံးဇာတ်ကားဆုကို Spotlight, အကောင်းဆုံးမင်းသမီးဆုကို Brie Larson (Room), အကောင်းဆုံးအမျိုးသားဇာတ်ပို့ ဆုကို Mark Rylance (Bridge of Spies), အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ ဆုကို Alicia Vikander (The Danish Girl), အကောင်းဆုံးဒါရိုက်တာကို Alejandro González Iñárritu (The Revenant), အကောင်းဆုံး Animation ဇာတ်ကားဆုကို Inside Out တို့ကအသီးသီး ရရှိသွားခဲ့တာဖြစ်ပါတယ်။

Renevant ဇာတ်ကားဟာ စုစုပေါင်း ဇကာတင်ဆု ၁၂ခု ရရှိဦးဆောင်ခဲ့ပြီး နာမည်ကြီးဇာတ်ကားတစ်ခုဖြစ်တဲ့ Mad Max:Fury Road ဇာတ်ကားကတော့ နောက်ခံဆု ၁၀ခုဖြင့် ဒုတိယနေရာ ရရှိခဲ့တာဖြစ်ပါတယ်။


(Beauty SYH)

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref:Mirror