Wiz Khalifa (ဝစ်ဇ်ခါလီဖာ) နဲ့ ပြဿနာတွေအပြီးမှာတော့ Kanye West ( ကာညေးဝက်စ် )က နောက်ထပ်ရန်မီးတစ်ခုကို အစပျိုးလိုက်ပြန်ပါပြီ။ ရော့ခ်ဂီတအကျော်အမော်အဖွဲ့တစ်ခုဖြစ်တဲ့ Rolling Stone ကနေ ဦးစီးပြီး ထုတ်လုပ်တဲ့ Rolling Stone မဂ္ဂဇင်းမျက်နှာဖုံးကာဗာကို ကာနေးဝက်စ်က သရော်တဲ့ပုံစံ ဖန်တီးခဲ့ပါတယ်။ “ Does he like mustard? ” လို့ အညွှန်းတပ်ထားတဲ့ Rolling Stone မဂ္ဂဇင်းကာဗာတစ်ခုကို တုပပြုလုပ်ခဲ့ပြီး သူ့ရဲ့ တွစ်တာပေါ်မှာတင်ခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီနောက်မှာတော့ Rolling Stones အဖွဲ့က ပြန်လည် ဖြေရှင်းခဲ့ပြီး ဒါဟာအဖွဲ့ရဲ့ ခွင့်ပြုချက်ကို ရယူထားခြင်းမရှိတဲ့ ကာဗာအတုတစ်ခုသာဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ အဲ့နောက်မှာတော့ ကာညေးက “ ဒီကာဗာက အမှန်ဖြစ်လာနိုင်တယ်နော်. ကဲပါတစ်ခြားမေးခွန်းတစ်ခုကိုပဲ ဖြေကြည့်ရအောင် ” လို့ရေးသားခဲ့ပြီး “#trollingstone” ဆိုတဲ့ hash tag နဲ့ နောက်ပြောင်ရေးသားခဲ့ပါတယ်။
အဲ့နောက်မှာတော့ ကာညေးက ဒီကာဗာက Rolling Stone မဂ္ဂဇင်း ကာဗာဖြစ်မဖြစ်ဆိုတာကို vote လုပ်ခိုင်းခဲ့ပြီး သူ့ရဲ့ ပရိသတ်အမြောက်အမြားက Vote ပေးခဲ့ကြပါတယ်။
ဒီကိစ္စမှာတော့ ဇနီးသည်ဖြစ်သူ Kim Kardashian ကလည်း သူမရဲ့ ယောကျာ်းဘက်ကနေ ပါဝင်ခဲ့ပြီး တွစ်တာမှာ ပြန်လည်ဝေမျှခဲ့တယ်လို့လည်း သိရပါတယ်။ ကာညေးဝက်စ်ဟာဆိုရင်တော့ ၂၀၀၆ တုန်းကတော့ Rolling Stone အတွက် ကာဗာမော်ဒယ်ပြုလုပ်ပေးခဲ့ဖူးပြီး ဆူးခက်တွေနဲ့ ပြုလုပ်ထားတဲ့ သရဖူတစ်ခုကို ဆောင်းထားတဲ့ စတိုင်နဲ့ အရိုက်ခံခဲ့တာဖြစ်ပါတယ်။
( Paing A K )
#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com
Ref : indiatoday , aceshowbiz