Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , SAG ဆုပေးပွဲမှာ Vape သောက်ခဲ့တဲ့ လီယိုနာဒို

SAG ဆုပေးပွဲမှာ Vape သောက်ခဲ့တဲ့ လီယိုနာဒို

| No comment


လော့စ်အိန်ဂျလိစ်မြို့မှာ ကျင်းပခဲ့တဲ့ SAG ဆုပေးပွဲမှာဆိုရင်တော့ မင်းသားကြီး Leonardo DiCaprio (လီယိုနာဒိုဒီကာပရီယို)ဟာ ဆိုရင်တော့ Vape pen တစ်ခုကို ကိုင်ပြီး ကျကျနန သောက်နေတာကို အမိအရဓာတ်ပုံရိုက်ကူးရယူနိုင်ခဲ့ပါတယ်။ သူဟာဆိုရင်တော့ The Revenant ဇာတ်ကားနဲ့ ဒီဆုပေးပွဲမှာ အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပြီး ဒီဆုကို ပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ Vape သောက်တတ်တဲ့ အကျင့်ဟာဆိုရင်တော့ အရင်ကာလတွေတည်းက ရှိနေခဲ့တာဖြစ်ပြီး အခုလို ပွဲအခမ်းအနားအတွင်းမှာတော့ Vape မသောက်သင့်ဘူးလို့ မီဒီယာတွေက ဝေဖန်ခဲ့ကြပါတယ်။ သူရဲ့ Vape pen အတွင်းမှာတော့ ဘယ်လိုဆေးရည်မျိုးကို ထည့်သွင်းအသုံးပြုခဲ့လဲဆိုတာကိုတော့ မသိရပါဘူး။

လီယိုနာဒိုရဲ့ လုပ်ရပ်ကိုတော့ အရင်ကာလတွေတုန်းက အဆိုတော် မိုင်လေဆိုင်းရပ်စ်က ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ဖူးပါတယ်။

မိုင်လီဟာဆိုရင်တော့ “Saturday Night Live 40th Anniversary Special” ပွဲမှာ လီယိုနာဒိုဟာ သူ့ရဲ့ vape ကို ထုတ်သောက်နေပြီး သူ့အနားကနေ ဖြတ်သွားရတဲ့အခါမှာ အရမ်းကို စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရတယ်လို့ ရင်ဖွင့်ခဲ့ဖူးပါတယ်။

လီယိုနာဒိုဟာဆိုရင်တော့ အခုကာလမှာ The Revenant ဇာတ်ကားနဲ့ အောင်မြင်မှုတွေရနေခဲ့ပေမယ့်လည်း သူ့ရဲ့ အခုလိုအကျင့်ဆိုးကြောင့် လူပြောများနေပြီး ဝေဖန်မှုတွေလည်း ခံနေရပါတယ်။



( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz, Forbes