Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , Scott Disick နဲ့ ပြန်တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Kourtney Kardashian

Scott Disick နဲ့ ပြန်တွဲနေတယ်လို့ သတင်းထွက်နေတဲ့ Kourtney Kardashian

| No comment



Kourtney Kardashian ဟာဆိုရင်တော့ ပြီးခဲ့တဲ့ အင်္ဂါနေ့က Scott Disick နဲ့ ဈေးဝယ်ထွက်ခဲ့ပြီး နှစ်ဦးသား ရင်းရင်းနှီးနှီးရှိနေတဲ့ ဓာတ်ပုံတွေကြောင့် သူတို့နှစ်ယောက်ပြန်တွဲနေပြီလားလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။ Kourtney နဲ့ Scott တို့ဟာဆိုရင်တော့ ပြီးခဲ့တဲ့နှစ်အတွင်းက ကွာရှင်းခဲ့ကြတာဖြစ်ပြီး သူတို့နှစ်ယောက်မှာ ကလေးသုံးယောက်အထိလည်း ထွန်းကားခဲ့ပါတယ်။




Scott ဟာဆိုရင်တော့ အိမ်အသစ်တစ်လုံးကို ဆောက်ထားပြီး သူ့အိမ်မှာ စိုစိုပြည်ပြည်ဖြစ်လာစေချင်တဲ့ ဆန္ဒရှိနေတယ်လို့  သိရပါတယ်။ Scott ဟာ ဒါ့ကြောင့် လမ်းခွဲခဲ့တဲ့ Kourtney Kardashian ကို ပြန်လည်လက်တွဲချင်နေပြီး အိမ်သစ်မှာ နေထိုင်လိုနေတာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။





Kardashians မိသားစုရဲ့ အကြီးဆုံးသမီးတစ်ယောက်ဖြစ်တဲ့ Kourtney Kardashian ဟာဆိုရင်တော့ Scott နဲ့ ပြတ်စဲပြီးတဲ့နောက်ပိုင်းမှာ လူငယ်အဆိုတော် Justin Bieber နဲ့ ဘာလိုလို  သတင်းတွေထွက်ခဲ့ပြီး Scott ကလည်း တစ်ခြားတစ်ယောက်နဲ့ ဒိတ်လုပ်ခဲ့တယ်လို့ ကြားခဲ့ရပါတယ်။




ဒါပေမယ့်လည်း သူတို့နှစ်ယောက်ရဲ့ ကိုးနှစ်လောက်ကြာမြင့်ခဲ့တဲ့ အချစ်ရေးကို ပြန်အသက်သွင်းချင်နေပြီး ပြီးခဲ့တဲ့ ငါးရက်ကလည်း ပထမဆုံးကလေးစရှိတုန်းက ရိုက်ထားတဲ့ Scott နဲ့ ရိုက်ထားတဲ့ ဓာတ်ပုံကို Kourtney Kardashian က သူမရဲ့ Instagram စာမျက်နှာမှာ ပြန်လည်ဝေမျှခဲ့တယ်လို့လည်း သိရပါတယ်။ သူတို့နှစ်ယောက်ပြန်လည် ပေါင်းထုပ်ဖို့ကတော့ ရာနှုန်းများနေခဲ့ပါတယ်။


( Paing A K )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : Aceshowbiz , Dailymail