Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , မတ်လမှာ ကျင်းပမယ့် SNL ပွဲမှာ Ariana Grande တင်ဆက်မည်

မတ်လမှာ ကျင်းပမယ့် SNL ပွဲမှာ Ariana Grande တင်ဆက်မည်

| No comment



Ariana Grande ကတော့ မတ်လမှာ ပြုလုပ်မယ့် Saturday Night Live ရှိုးပွဲမှာ ဧည့်သည်အဖြစ် စီစဉ်တင်ဆက်ပေးမှာဖြစ်တဲ့အပြင် ဖျော်ဖြေသီဆိုပေးဦးမှာပါတဲ့။

လူအများ အာရုံစိုက်နေကြတဲ့ အသံကောင်းကောင်းတဲ့ သရုပ်ဆောင်အဆိုတော်မလေးက သူ့ရဲ့ Website မှာ ကြာသာပတေးနေ့က “ အဓိကလူအဖြစ် ဆောင်ရွက်ပေးရမှာဆိုတော့ နည်းနည်းတော့ နှလုံးရောဂါရသွားတယ် “ လို့ ဆိုထားပါတယ်။

 “ မတ်လ ၁၂ ရက်နေ့မှာ ကျင်းပမယ့် SNL ပွဲမှာ စီစဉ်တင်ဆက် ဖျော်ဖြေပေးရမှာမို့ ကျွန်မ အရမ်းကို စိတ်လှုပ်ရှားနေပါတယ် “ လို့ သူ့ရဲ့ နောက်ထပ်ထွက်ရှိမယ့် Danderous Woman တေးအယ်လ်ဘမ်အတွက် အွန်လိုင်းမိတ်ဆက်ပွဲမှာ အသံမက်ဆေ့ခ်ျ ထည့်သွင်းပေးထားခဲ့ပါတယ်။

ပွဲမှာ Title သီချင်းဖြစ်တဲ့ Dangerous Woman နဲ့ Be Alright သီချင်းတွေနဲ့လည်း ဖျော်ဖြေတင်ဆက်သွားမယ်လို့ Grande က ကြေညာထားပါတယ်။

အသက် ၂၂ နှစ်အရွယ် Grande အတွက်တော့ ဒါဟာ ပထမဆုံးအကြိမ် စီစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်တာဖြစ်ပါသတဲ့။

( Michelle )

#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref : UPI