Featured News

[4] [recent] [slider-top] [Featured News]
You are here: Home / , The Weeknd, Justin Bieber နဲ့ Drake တို့ကနေဒါမှာပြုလုပ်မယ့် ဂျူနိုဆုအတွက် ဆန်ခါတင်စာရင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေ

The Weeknd, Justin Bieber နဲ့ Drake တို့ကနေဒါမှာပြုလုပ်မယ့် ဂျူနိုဆုအတွက် ဆန်ခါတင်စာရင်းမှာ ထိပ်ဆုံးမှ ဦးဆောင်နေ

| No comment


The Weeknd က ကနေဒါနိုင်ငံရဲ့ Juno ဂီတဆုအတွက် ဆန်ခါတင်စာရင်းမှာ ဆုပေါင်း ၆ဆုအထိ ရွေးချယ်ခံရပြီး ဒီနှစ်ရဲ့ ဂီတပညာရှင်ဆုပါ ပါဝင်တယ်လို့ သိရပါတယ်။

ဆုရွေးချယ်ရေး ဒိုင်အဖွဲ့က Justin Bieber နဲ့ Drake တို့က ဆုတံဆိပ် ၅ခုစီရရှိဖို့  ဆန်ခါတင်ရွေးချယ်ခံထားရတယ်လို့ အင်္ဂါနေ့က ကြေငြာခဲ့ပါတယ်။

The Weeknd ဟာ ဂီတပညာရှင်ဆု သာမက သီချင်းအယ်လ်ဘမ်၊ သီချင်းရေးဆရာ၊ ပရိသတ်ရွေးချယ်ပေးတဲ့ဆု စတဲ့ အခြားဆုတွေအတွက်လည်း ဆန်ခါတင်ရွေးချယ်ခံခဲ့တာ ဖြစ်ပါသတဲ့။

Biber က အကောင်းဆုံးပေါ့စ်ဂီတ အယ်ဘမ်လ် အတွက် ဆန်ခါတင်ရွေးချယ်ခံရတာဖြစ်ပြီး Drake ကတော့ Rap တေးဂီတဆုအတွက် ဆန်ခါတင်ရွေးချယ်ခံရတာ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကတော့ ပရိသတ်ရွေးချယ်မူ၊ တစ်ဦးချင်းသီဆိုမူ၊ တေးအယ်ဘမ်လ်ဆု တွေအတွက် ဆန်ခါတင် ရွေးခံထားရတာဖြစ်ပါတယ်။

တတ်သစ်စ ဂီတပညာရှင်တွေဖြစ်တဲ့ Shawn Mendes နဲ့ Alessia Cara တို့ကလည်း ဆုလေးဆုအတွက် ဆန်ခါတင် ရွေးခံထားရပါသတဲ့။ Mendes ကတော့ ပရိသတ်ရွေးချယ်မူ အယ်ဘမ်လ် သရုပ်ဆောင်မူ နဲ့ ပေါ့ဂီတအယ်ဘမ်တို့ ရွေးခံထားရတာဖြစ်ပြီး Cara ကတော့ ပရိသတ်ရွေးချယ်မူ သီဆိုမူ နဲ့ R&B သီဆိုမူတွေအတွက် ရွေးခံထားရတာ ဖြစ်ပါတယ်။

Canadian Academy of Recording Arts & Sciences/The Juno Awards ရဲ့ CEO ဖြစ်တဲ့ Allan Reid က  “ ခုချိန်ခါကတော့ ကနေဒါရဲ့ အနုပညာရှင်တွေကို ကမ္ဘာကသိဖို့ အကောင်းဆုံးအချိန်ပါ။ ဒီဇင်ဘာလကို ပြန်ကြည့်လိုက်ပါ Billboard ရဲ့ အကောင်းဆုံး သီချင်း ၁၀၀မှာဆိုရင် ထိပ်ဆုံး ၁၀ ယောက်မှာ ၇ယောက်က ကနေဒါနိုင်ငံသားတွေပါ။ ဒါက အရမ်းဂုဏ်ယူရမှာပါ။ “ လို့ပြောခဲ့ပါတယ်။

၄၅ကြိမ်မြောက် ဂျုနိုဆုပေးပွဲကို April ၂ ရက်နေ့နဲ့ ၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။

( Michelle )


#သစ်ထူးလွင်(နာမည်ကြီးပုဂ္ဂိုလ်များ)
#celebrity.thithtoolwin.com

Ref: UPI